5

3.6K 520 15
                                    


"ကိုကို့....မုန့်ဖိုးပေး...."

အခန်းထဲ ဝင်ဝင်လာချင်း လက်ဖဝါး နှစ်ဖက် ဖြန့်ကာ မုန့်ဖိုးလာတောင်းနေသော ငယ်လေး။
အကြည့်တွေက မပေးဘဲ နေရဲနေကြည့် ဆိုသည့် လူမိုက်ကြည့်နှင့်။
အနက်ရောင် ဆံပင်တွေက နဖူးပေါ် အုပ်လျက်။ နက်မှောင်နေသော မျက်ခုံးတန်းတန်း။ စင်းနေသော နှာတံ၊ ပြတ်သားသော မေးရိုးနှင့် မျက်နှာဟန် သွယ်သွယ်။

စီးပွားရေး ဒုတိယနှစ် ကျောင်းသား ငယ်လေးက Chanyeolအရပ်နှင့် မတိမ်းမယိမ်း။
ငါးနှစ်ကျော်ကျော်ငယ်သည့် ညီငယ်က ပထမနှစ် စတက်ကတည်းက ကိုကိုဟု ခေါ်ခိုင်းလို့ မရတော့။
Yeol Hyungဟု ပြောင်းလဲ ခေါ်ဝေါ်လာသည့် လူကြီးပေါက်စလေး။
တည်ငြိမ် ရင့်ကျက်ဟန် ပြုမူနေသော်လည်း စိတ်အလိုမကျသည့်အခါ နှုတ်ခမ်းဆူတတ်သည့်အကျင့်လေးက မပျောက်။
စကားပြောလျှင် ချွန်လာတတ်သည့် နှုတ်ခမ်းပါးလေးနှင့်။
အပေါင်းအသင်းနည်းသည့် Sehunက မသိသူနှင့်ဆို လုံးဝအချေဒီဇိုင်းနှင့်။
Chanyeolကသာ ငယ်လေးကို ကလေးလို့ မြင်နေတာ။
ငယ်လေးက ကျောင်းမှာ အချေမင်းသားဟု နာမည်ကြီးသည်။

"မသိချင်ဟန်ဆောင် မနေနဲ့....ကိုကို့ရဲ့ တိုက်ဂေါဒီဇိုင်းကြီးကို အလန်းဇယားလေး ဖြစ်အောင် ပုံစံပြောင်းပေးခ ....လာထား မုန့်ဖိုး....အရွက်သေးသေးလေးတွေနဲ့တော့ မရဘူးနော်...Sehunတို့က ကလေး မဟုတ်တော့ဘူး...."

မျက်နှာကို ပင့်ချီကာ ပြောနေဟန်က တရားကျချင်စရာ။
မုန့်ဖိုးတောင်းတဲ့ သူက အကြွေးတောင်းနေသလို ခပ်ချေချေ မျက်နှာထားနှင့်။
အရွက်သေးရင် မယူဘူးဆိုပဲ OhSehunတို့ကတော့....။

"အေးပါကွာ....ဘယ့်နှယ် မုန့်ဖိုးတောင်းတာက အကြွေးတောင်းနေသလိုပဲ..."

ပိုက်ဆံအိတ်ပြားလေးထဲက အရွက်တော်တော်များများကို ဆွဲထုတ်ပြီး ပေးလိုက်မှ စိတ်ကျေနပ်သလို ထွက်သွားလေသည်။
Chanyeolနှင့် Sehunက အဖေတူ၊အမေကွဲ ညီအစ်ကို။
Chanyeolကို မွေးပြီးပြီးချင်း ဆုံးသွားသည့် မာမားကြောင့် ပါပါးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အထီးကျန်ခဲ့ရသည်။
မာမားဆုံးပြီး Chanyeolကိုတောင် ဂရုမစိုက်နိုင်အောင် အလုပ်ထဲ ခေါင်းစိုက်နေသော ပါပါးကို Chanyeol အသက်၎နှစ်ခန့်တွင် အဘိုးတို့က Ommaနှင့် လက်ထပ်ပေးခဲ့သည်။

ကိုႀကီး/ကိုကြီး(Z/U)Where stories live. Discover now