9

3.3K 463 15
                                    


"ဟာ....ကိုကြီး....တွေ့ပြန်ပြီ...."

လူစည်ကားနေသည့် ကျောင်းCanteenလို နေရာမျိုးမှာ အရှက်မရှိ အော်ဟစ်ရဲသည့် ကောင်လေးကိုတော့ Chanyeolလက်လန်သည်။
အခုလည်း ကြည့်...
မုန့်စားနေသည့် Baekhyunက ပါးစပ်အပြည့်ထည့်ထားသော အစားအစာကို ပလုပ်ပလောင်း စားရင်း ဆိုင်ပေါက်ဝပဲ ရှိသေးသော Chanyeolကို မြင်တာကြောင့် မတ်တပ်ရပ်ပြီး လှမ်းအော်လေသည်။
ဒီကောင်လေး တကယ် ဘယ်သူ့မှ ဂရုမစိုက်ဘူးပဲ။
Chanyeol လည်း Baekhyunတို့ စားပွဲဆီပဲ ဦးတည်သွားလိုက်သည်။
ထခုန်မတတ် ပျော်မြူးပြနေသော Baekhyunကို မျက်မုန်းကျိုးနေသော အကြည့်နှင့် ကြည့်နေသော အသားညိုညို ကောင်လေးက Baekhyunနှင့် အမြဲတွဲနေကျ သူငယ်ချင်းမှန်း Chanyeolမျက်မှန်းတန်းမိသည်။

"လာ...ကိုကြီး....Baekhyuneeနားမှာ ထိုင်..."

လက်မောင်းကို လာဆွဲကာ သူ့အနားကပ်ပြီးမှ Chanyeolထိုင်ဖို့ ခုံကို ဆွဲထုတ်ပေးသည်။

"စောင်ပိုတွေ သိပ်မလုပ်နဲ့ Baekhyun...ကြည့်ရတာ အဆင်ပြေမနေဘူး...."

အရင်ကတော့ ဘိုးတော်ကြီး၊ စာကြမ်းပိုး ဟု အသေအော်ထားသော Baekhyunက ဟိုအကိုကြီး ပုံစံလေး ပြောင်းပြီး ချောမောလာတာနှင့် အနှီ နှာဘူးကောင်က မြင်မကောင်းအောင် ယွထပြီး ငမ်းတော့သည်။
ဘေးမှာထိုင်ပြီး ပြောနေသည့် JongInကို အသက်ရှိတယ်ဟုပင် မထင်ဘဲ သူ့ကိုကြီး မျက်နှာကိုပဲ ကသိုဏ်းရှုနေသည့် Baekhyunကြောင့် ကိုယ့်စကားကို အဖက်လုပ်မည့်သူ မရှိဘဲ တစ်ယောက်တည်း စကားပြောနေရသလို JongInမှာ ကြောင်တောင်တောင်နှင့်။

အေးပါ...စောင်ဂျပု နှာဘူးကောင်...လိုတာ ရှိမှ တုံးညှပ်သံနဲ့ JongInဆိုပြီး ကပ်ချွဲ လာခေါ်ကြည့် ဖနောင့်နဲ့ ပေါက်သတ်ပစ်မယ်။

တစ်ယောက်တည်း ဒေါသတွေ ထွက်ပြီး နှာတရှူးရှူးမှုတ်နေသည့် JongInကို အဖက်လုပ်မည့် သူ မရှိပါဘဲ ပလစ်ခံနေရလေသည်။

"ကိုကြီး....ကိုကြီး သိလား...."

"မသိဘူး...."

"ဟာ....အဲ့တာ မေးနေတာ မဟုတ်ဘူးလေ...ဖြေဖို့ မလိုဘူး....ပြောချင်တာ ရှိလို့ စကားအစပျိုးတာကို....ကိုကြီးက အလိုက်ကို မသိဘူး...."

ကိုႀကီး/ကိုကြီး(Z/U)Tempat cerita menjadi hidup. Temukan sekarang