"သားကိုတွေ့ချင်လိုက်တာ"

သူ့ရဲ့စကားသံတိုးတိုးကို ကြားဖြစ်အောင်ကြားသွားတဲ့ Hueningက ခေါင်းယမ်းကာ သက်ပြင်းချသည်။

"ဟျောင်း ဒီလိုဆက်နေနေရင် တွေ့ရမယ်လို့ထင်နေလား "

Jimin ဘာမှပြန်မဖြေ။ လက်ထဲကအစားအသောက်ထည့်ထားတဲ့ ပန်းကန်လေးကိုသာ အစိမ်းသက်သက်စိုက်ကြည့်နေမိသည်။ တားချိန်ပင်မရလိုက်တဲ့ မျက်ရည်တစ်ပေါက်က ပန်းကန်ဖြူဖြူလေးထဲ ခုန်ဆင်းသွားသည်။

"ဟျောင်းရယ် မငိုပါနဲ့တော့ဗျာ ဟျောင်းမြန်မြန်နေပြန်ကောင်းမှ သွားတွေ့လို့ရရင်ရမှာပေါ့"

"Jungkook ငါ့ကိုမုန်းသွားပြီထင်တယ် ဟင် ဟုတ်တယ်မလား"

"အတွေးမလွန်ပါနဲ့ ဟျောင်းရယ် သူလည်းမအားလို့နေမှာပါ"

"သူငါ့ကို မဆက်သွယ်လာဘူး"

"ဒါကတော့ ဟျောင်းရယ်"

"ထားလိုက်ပါ သူမုန်းမယ်ဆိုရင်လည်း မုန်းချင်စရာပါပဲ ဟျောင်းကမှ မကောင်းခဲ့တာ"

ကျန်ရှိသေးတဲ့မျက်ရည်များ ဆက်လက်မကျဆင်းစေရန်အလို့ငှာ လက်ခုံဖြင့်ဖိကပ်ကာ ဖယ်ရှားလိုက်သည်။ သားမျက်နှာလေးကိုမြင်ရဖို့အရေး သူဘာတွေကိုဖြတ်ကျော်ရဦးမလဲ။ ဒီလောကကြီးမှာ သားထက်အရေးကြီးတာရော ရှိနိုင်ဦးမှာလား။

"ဟျောင်းလုပ်နိုင်ပါတယ် ကျွန်တော်တတ်နိုင်သလောက်ကူညီပေးမယ် "

ခပ်ဖွဖွဖက်လာတဲ့ ညီငယ်ဖြစ်သူကြောင့် ပြုံးလိုက်မိရင်း အင်အားဖြစ်သွားရသည်။ ဒီကောင်လေးက သူ့ကိုအကြီးတစ်ယောက်လို ဆူဆူပူပူလုပ်တတ်ပေမဲ့ တကယ်တမ်း ဒယ်ဒီ့ကိုဆန့်ကျင့်ပြီး သူ့ကိုအမြဲကူညီပေးတယ်ဆိုတာ ပြောစရာပင်လိုမယ်မထင်။

"ကျေးဇူးပါ Hueningရယ်"

မနက်ဖြန်တွေမှာ သားအတွက် သူကြိုးစားရဦးမှာပေါ့။

__________

"ဆင်းလာပြီလား ထိုင်"

"ဒယ်ဒီပြောစရာရှိတယ်ဆိုလို့"

"နေရောကောင်းပြီလား"

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Hikayelerin yaşadığı yer. Şimdi keşfedin