"ငါသိခြင်တာက.....မင်းငါ့ကိုပိုက်ဆံပေးမှာလား?"

လီလျိုမှာချက်ချင်းပင်ချောင်းဆိုးသွားတော့လေ၏။

"ဘာလဲဗျ....ကျွန်တော်ကဒီအတိုင်းဦးတည်ရာကိုပဲမေးတာလေအဲ့ဒါတောင်ကျွန်တော်တို့ကိုပိုက်ဆံတောင်းခြင်သေးတာလား?ဦးလေး....ခင်ဗျားရဲ့ကိုယ်ကျင့်တရားကနည်းနည်းလေးခေတ်နောက်ကျမနေဘူးလား?"

"ဘာလဲ?မင်းတို့ကြည့်ရတာလဲချမ်းသာတဲ့ပုံပါဒီလောက်ပိုက်ဆံနည်းနည်းလေးကိုမတတ်နိုင်ဘူးလား?"

နှုတ်ခမ်းမွှေးအပြည့်ဖြင့်ထိုလူလတ်ပိုင်းလူမှာလီလျိူအားမထီမဲ့မြင်ပြုသည့်ပုံစံဖြင့်ပြောလိုက်သည်။

လီလျို : : "............." သူတကယ်အဲ့ဒီလူကိုရိုက်ပစ်ခြင်လိုက်တာနော်

ချင်ယုကလီလျိုပြန်ပြောမည်အားမစောင့်တော့ပဲထိုနှတ်ခမ်းမွှေးနှင့်လူလက်ထဲသို့ငွေပြားအနည်းငယ်ထည့်ပေးလိုက်တော့၏။

ထိုအချိန်မှာပဲထိုနှတ်ခမ်းမွှေးနှင့်လူ၏မျက်လုံးများမှာတောက်ပသွားပြီးငွေပြားများအားပါးစပ်နှင့်ကိုက်ကြည့်လိုက်ကာရင်ခွင်ထဲသို့အမြတ်တနိုးထည့်လိုက်တော့သည်။

"ဆရာနှစ်ယောက်ခင်ဗျာ...စစ်သူကြီးနန်ကုန်းရဲ့အိမ်တော်ကိုသွားခြင်တယ်ဆိုရင်ဒီလမ်းအတိုင်းအနောက်ဘက်စူးစူးကိုသာဆက်သွားပြီးဘယ်ဘက်ကိုနှစ်ခါလှည့်ချိုးပါ"

ပြောလို့ပြီးသွားသည်နှင့်ထိုလူကပျော်ရွှင်စွာဖြင့်လှည့်ကာထွက်သွားတော့သည်။

"ချင်ယု..မင်းဘာလို့ဒီလူဆိုးကိုပိုက်ဆံတကယ်ပေးပစ်လိုက်တာလဲ?တကယ်လို့သူငါတို့ကိုမပြောခြင်ဘူးဆိုရင်ဒီအတိုင်းနောက်ပြန်လှည့်ပြီးတံခါးစောင့်တွေကိုမေးလို့ရတာပဲကိုဘာဖြစ်လို့ဒီလောက်အများကြီးပေးလိုက်ရတာလဲ?"

"အဲ့ဒါကဒီအတိုင်းပိုက်ဆံနည်းနည်းလေးပါ.....မုချန်ငါတို့ဆက်သွားရအောင်"

ချင်ယုကမြင်းဇာတ်ကြိုးအားဆွဲလိုက်ပြီးထိုနှုတ်ခမ်းမွှေးနှင့်လူညွှန်ပြသည့်ဦးတည်ချက်အတိုင်းရှေ့ကလျှောက်သွားတော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now