" ဟုတ်ပြီ ပါးပါး ဆူလိုက်မယ်နော် အချိန်မနည်းတော့
ဘူး အိပ်တော့ သား လာ ပါးပါး သားကို ချော့သိပ်မယ် "

အလုပ်တွေကို   အပြီးသတ်ပြီးသည်နှင့်   ကျောပေါ်က
သားကို ရင်ခွင်ထဲသို့ ထည့်ကာ    ထွေးပိုက်ပြီး အလွတ်
ရသော ကလေးချော့ သီချင်းလေးကို နှုတ်မှ တိုးတိုးလေး
ဆိုမြည်းရင်း ဖင်လေးကို ပုတ်ကာ ချော့သိပ်လေသည် ။

အချိန်မှာ (၁၀)နာရီ ဝန်းကျင် ။ ညစာကို နည်းနည်းလေးသာ
စားထားမိလို့ ။ အချိန်မတော်ကြီး ဟာလာတဲ့ ဗိုက်ကြောင့် ။
ဗိုက်ဖြည့်ရန် ဘတ်ခ်ဟွန်း အောက်ထပ်သို့ ဆင်းလာခဲ့သည် ။

မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် သူ့ထက်အရင် ညလယ်စာ
အဖြစ် နွားနို့ဘူးကြီးကို မော့သောက်နေသော ရီရှင်းကို တွေ့
လိုက်ရတော့ ဘတ်ခ်ဟွန်းသူ့အတွေးနဲ့သူပြုံးမိသည် ။

ထို့နောက် လက်အစုံကိုပိုက်ကာ ပြုံးစိစိဖြစ်နေသော
မျက်နှာပိုးကို အမြန်သတ်ကာ ရီရှင်းဆီသို့ လျှောက်
သွားခဲ့သည် ။

" ရှင်း "

" ဟင် "

နွားနို့အသောက်မပျက်နဲ့ ပြန်ထူးပေးလိုက်သော ရီရှင်း ။

" သားပြောတယ် မင်း သူ့ ကျောင်းက ဆရာယုန်လေးကို
သွား သွား ကြောင်နေတယ်ဆို "

" ဖလူးးးးးးး အဟွတ် အဟွတ် "

အမေး စကားအဆုံး နွားနို့နဲ့ မျက်နှာသစ် လိုက်ရသော
ဘတ်ခ်ဟွန်း    ။   

နွားနို့ဘူးလေးကို ရင်ဝယ်ပိုက်လျက် လက်ချောင်းလေးတွေနဲ့  
ပါးစပ်ကို ပိတ်ကာ မကြာခင် ပေါက်ကွဲထွက်လာတော့မယ့်
မီးတောင်အား ရီရှင်း စိုးရိမ်တကြီးဖြင့် မဝံ့မရဲ စိုက်ကြည့်နေ
မိသည် ။

" ဆောတီး ဘတ်ခ်..  ငါ မ တော် တ ဆ  တစ် တစ် ရှူး
ဘယ်ရောက်နေပါလိမ့် "

" ရားးးး ! ကျန်း ရီ ရှင်း ! ! သေချင်လို့လား ! ! ! "

တိတ်ဆိတ်နေသော အိမ်အတွင်း ဟိန်းခနဲ ထွက်ပေါ်လာ
သော ပါပီ ခြင်္သေ့မင်း ဟိန်းဟောက်သံ ။

တော်သေးသည် ။ ဒီအိမ်က အိပ်ခန်းတွေက အကုန်လုံး
က အသံလုံအခန်းတွေ ဖြစ်နေလို့ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now