ေက်းဇူးတင္လႊာ(Z & U)

Start from the beginning
                                    

Unicode

ဒီတစ်ခါတော့ ကျေးဇူးတင်စကားကို အရှည်ကြီး ပြောပါရစေနော်။အရင်ဆုံးကျေးဇူးတင်ချင်တာ ဇာတ်လမ်းရဲ့ ကျောရိုးပိုင်ရှင် အစ်မ (မပွင့်)ကိုပါနော်။မိသားစု ဇာတ်လမ်းလေး တစ်ပုဒ်ရေးကြည့်ပါလားလို့ အစ်မက ပြောလာတော့ ကိုယ့်စိတ်ထဲ ဖြစ်ပါ့မလားပေါ့။မိသားစုထဲမှာတောင် သား မထည့်ဘဲ သမီးလေး ထည့်ပြီး ရေးဖို့ ပြောတယ်။ပြောရရင် အစက သိပ်စိတ်မပါဘူး။စိတ်မပါဘူး ဆိုတာထက် ကိုယ့်ရဲ့ အရေးအသားက အရမ်းကြီးကောင်းနေတဲ့အထဲ ပါတာ မဟုတ်တော့ မနိုင်ဝန် ထမ်းသလို ဖြစ်မှာ စိုးရိမ်တာ။ဒါပေမဲ့လည်း အစ်မက ဆန္ဒ တအားရှိနေတော့ ရေးကြည့်မယ် အစ်မရယ်ဆိုပြီး အစမ်းအရင် ရေးကြည့်ခဲ့တယ်။ရေးလိုက်၊ စိတ်တိုင်းမကျလိုက် ၊ဖျက်လိုက် ၊မရေးတော့ဘူးဟာ ဆိုပြီး နေလိုက်နဲ့ အချိန်တော်တော်လေးကြာတယ်။ကိုယ့်အတွေးမဟုတ်တဲ့အခါကျတော့ စဉ်းစားရတာ ခေါင်းတွေ ပူထူနေရော။နောက်ဆုံး အရိပ်နဲ့တည်တံ့ ဇာတ်လမ်းကို အရင် အစပျိုးပြီး ရေးချလိုက်တယ်။Ficမှာဆို နောက်ကြောင်းပြန်တဲ့နေရာတွေပေါ့။အဲ့ဒါပြီးတော့မှ လက်ရှိကာလကို ပြန်ရေးတာ။ဒါပေမဲ့ ပြည့်စုံတယ်လို့ မခံစားရဘူး။အားလည်း မရဘူး။စိတ်ပျက်ပျက် ဖြစ်နေတုန်း အစ်မက ပြောတယ်။ပြီးသလောက် တင်လိုက်တော့တဲ့။ဖတ်တဲ့သူတွေဆီက voteတွေ commentတွေ လာတဲ့အခါ နင် အားရှိပြီး ဆက်ရေးနိုင်သွားလိမ့်မယ်တဲ့။တကယ်လည်း တင်လိုက်ရော အားပေးကြတဲ့အချစ်ကလေးတွေကြောင့် အားကရှိပြီး ဆက်ဆက်ရေးဖြစ်သွားတာ။ကိုယ့်ဆီမှာက အလယ်အခန်းတွေပဲ ရှိတာလေ။စစချင်း အခန်းတွေက ကြိုရေးထားတာမျိုးမရှိတော့ နေ့တိုင်းလိုလိုကို ကြိုးစားပမ်းစား ရေးရတာ။အလုပ်ကတစ်ဖက်နဲ့ဆိုတော့ အများအားဖြင့် ညဘက်တွေကျ သန်းခေါင်လောက်အထိနေပြီး ရေး။မနက်ကျ စောစောပြန်ထ..။အလုပ်သွား။ပြီးတော့လေ ကိုယ့်စိတ်က မျောက်စိတ်။😁😁။ဇာတ်လမ်းကျောရိုးကို ပီပီပြင်ပြင် ယူလို့မရဘူး။ရေးနေရင်း ဇာတ်ကပြောင်းချင်ပြောင်းသွားတာ။စွန်ကလေး ဖတ်ဖူးတဲ့ ဒါဒါလေးတွေဆို သိတယ်။ဇာတ်လမ်းအနေအထား ပြောင်းသွားတာကို။ခု ဇာတ်လမ်းမှာကျ ကျောရိုးက လုံးဝပျောက်လို့ မဖြစ်ဘူးလေ။မိသားစု ဇာတ်အိမ်က တည်ပြီးသားကိုး။အဲ့တော့ သာသာတို့ တိုင်ပတ်ရော။လိမ်ဖယ်လိမ်ဖယ်နဲ့ ရေးရင်း ခု ဇာတ်သိမ်းအထိကို ရောက်သွားတော့တာ။အပိုင်း၁ကနေ စလို့ အဆုံးထိ အားပေးခဲ့ပြီး voteတွေပေးခဲ့ commentလေးတွေ ပေးခဲ့တဲ့ ဒါဒါလေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။အဆုံးသတ်မှာ အန်ကယ်ကျော်ကို သေပေးလိုက်လို့လည်း စိတ်မဆိုးစေချင်ဘူး။ထက်အောင်ကျော်ရဲ့ မိုးအရိပ်အပေါ်ထားတဲ့အချစ်က ဘဝအဆုံးသတ်သွားတဲ့အထိ တည်ရှိသွားတယ်။ထိန်းသိမ်းသွားတယ်ဆိုတာကို ပြချင်လို့ သေပေးလိုက်ရတာပါ။သာသာ ကိုယ်တိုင် အဲ့ဒီအခန်းကို ရေးရင်းနဲ့ မျက်ရည်ကျခဲ့တယ်။ရေးခဲ့တဲ့ fic၃ပုဒ်ထဲ အားအရဆုံးကတော့ ဒီficလေးပဲ။အများကြီးအချိန်ယူခဲ့တယ်။အများကြီး အားပေးမှုတွေ ရခဲ့တယ်။လိုအပ်ချက်တွေ အများကြီး ရှိခဲ့ပေမဲ့ အားပေးခဲ့ကြလို့ ထပ်ပြီး ကျေးဇူးတင်ပါတယ်။ဒီနေ့ကစပြီး ficဖတ်တဲ့အလုပ်ရယ်..။BL ကြည့်ပြီး စောင်ကိုက်တဲ့ အလုပ်ရယ် ပြန်စပါတော့မယ်ရှင်😁😁😁။



ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now