အပိုင်း ၂၈(Z & U)

6.2K 520 17
                                    

Zawgyi

"သဘောမတူနိုင်ဘူး တည်တံ့။မင်းက ဖိုးဖိုးရဲ့ တစ်ဦးတည်းသော မျိုးဆက်။ပြီးတော့ ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို လက္ထပ္တယ်ဆိုတာ ဖြစ်သင့်လို့လား။ငါ့ဂုဏ်သိက္ခာ မင့်ဂုဏ်သိက္ခာကိုလည်း ငဲ့တွက်ပါဦးကွ''

ဖိုးဖိုးကို ဖွင့်ပြောလျှင် ဒီလိုပဲ ငြင်းဆန်လိမ့်မယ်ဆိုတာ ကြိုတင်သိပြီးသား။လက်မခံလည်းပဲ လက်ခံလာအောင်တော့ မျဖစ္မေန ပြောယူရမှာပင်။

"ကျွန်တော် သူ့ကိုမစွန့်လွှတ်နိုင်ဘူး ဖိုးဖိုး။ကျွန်တော့ဘဝမှာ သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ။သူ့ကိုမေ့သွားနိုင်ဖို့လည်း နှစ်ချီပြီး ကြိုးစားခဲ့တယ်။မရခဲ့လို့ လုံးဝကိုမရခဲ့လို့.. ''

"မင်းရဲ့စည်းစိမ်တွေကြောင့်မင်းကိုကပ်နေတာ မင်းမသိဘူးလား"

"ဒီစကားက မဖြစ်နိုင်မှန်း ကျွန်တော့ထက် ဖိုးဖိုးက ပိုသိမွာပါ။ဒီကေလး ကျွန်တော်ကြောင့် ဘာတွေထိခိုက်ခဲ့သလဲ၊သူ့အနာဂတ်တွေဘယ်လိုပျက်စီးခဲ့ရသလဲဆိုတာ ဖိုးဖိုးအသိဆုံးပဲလေ။အဲဒီအတွက် ဖိုးဖိုးဆီကေန သူဘာများအကျိုးရလဒ်တောင်းဆိုဖူးသလဲ''

"ဘယ္လိုပဲ ဖြစ်ဖြစ် ငါလက်မခံပေးနိုင်ဘူး တည်တံ့။အေး...တကယ်လို့ မင်းက ဒီကောင်လေးကိုမှ ချစ်ပါတယ်ဆိုရင်တောင် မိန်းမတစ်ယောက်နဲ့ တရားဝင် လက်ထပ်ပြီးမှ မင်းစိတ်ကြိုက်ဒီကလေးနဲ့အတူနေ ။ငါ့မျိုးဆက်ကိုတော့ ဘယ်နည်းနဲ့မှ အပြတ်မခံနိုင်ဘူး ''

ပြောထွက်နိုင်လွန်းသော ဖိုးဖိုးကို တည်တံ့တကယ် အံ့သြသည်။ကိုယ်ပြောလိုက်တဲ့စကားက ဘယ်အခြေအနေကိုရောက်သွားသလဲဆိုတာတောင် မစဉ်းစားနိုင်တော့တဲ့အထိ ဖိုးဖိုးရဲ့အတ္တတွေက ဆိုးရွားနေသည်ပဲ။

"ဖိုးဖိုးခြေရာကို နင်းပြီး ဖောက်ပြန်ခိုင်းနေတာလား ဟုတ်လား။ဒီအရှုပ်အရှင်းတွေကြောင့် ဖေဖေသေခဲ့ရတယ်။ထပ်ပြီး ကျွန်တော်။အရိပ်သာရှိမနေခဲ့ရင် ခုချိန်မှာ ဖိုးဖိုးဆိုတာတစ်ယောက်တည်းဖြစ်နေမှာ။ဒါတောင် နောင်တမရဘူးလား ဖိုးဖိုးရာ''

ငယ်စဉ်ကတည်းက အနေစိမ်းခဲ့သည်ဆိုပေမဲ့လည်း ပြေးကြည့်မှ ဒီတစ်ယောက်တည်းသာရှိသောသွေးသားရယ်မို့ ဘယ်သောအခါမှ အော်ဟစ်ပြန်ပြောခြင်းမျိုး တည်တံ့မလုပ်ခဲ့ပေ။ခုတစ်ခါမှာတော့ ဘယ်လိုမှသည်းခံပြီးနေဖို့အဆင်မပြေတော့သည့်အခြေအနေဖြစ်လာခဲ့ပြီ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now