အပိုင်း ၁၁ (Z & U)

6K 579 14
                                    

Zawgyi

"ဖေ....ပါးပါးနေမကောင်းဘူး။မနက်ကတည်းက ခေါင်းမူးလို့တဲ့ ညည်းနေတယ်''

ကားပေါ်မှဆင်းခါနီး သမီးပြောသွားသော စကားကြောင့် တည်တံ့တွေခနဲ။တစ်အိမ်တည်း အတူတူနေတာတောင် ကိုယ့်အိမ်သား နေမကောင်းကြောင်း သမီး ပြောမှ သိရလေသည်။

"ဖေ....သမီးပြောတာ ကြားလားလို့''

"ဪ...အေးအေး။ဖေကြားပါတယ်''

ကြောင်အမ်းအမ်း ဖြစ်နေတာကြောင့် သမီးက ကားပြတင်းပေါ် လက်ထောက်ပြီး ပြုံးစိစိဖြင့် ကြည့်လာလေ၏။

"ဖေကတော့လေ ပါးပါးနေမကောင်းဘူးဆိုတာနဲ့ သမီးကိုပါမေ့သွားပြီ''

"ဖေက စိတ်ပူသွားလို့ပါသမီးရာ။သမီးပါးပါးက သိတဲ့အတိုင်း တစ်ခုခုဆိုမပြောဘူးလေ။ခုတောင်သမီးပြောလို့ ဖေသိရတာ''

"အင်းပါ။ဒါဆိုသမီးအထဲဝင်တော့မယ်။အဆင်ပြေမယ်ဆို အိမ်ပြန်ကြည့်လိုက်ဦးနော်...ဖေ.။အိမ်မှာပါးကတစ်ယောက်တည်း''

"အင်းအင်း''

သမီးငယ်လက်ပြထွက်သွားသည်နှင့် ကားကို နောက်ဆုတ်လို့ အိမ်ဘက်သာ ဘီးပြန်လှည့်ရတော့သည်။

"ဟာ..အကို။ဘာကျန်ခဲ့လို့လဲ...''

"ကားပါကင်ထိုးလိုက်မောင်စိုး ။ငါဒီ​နေ့ ကုမ္မဏီမသွားတော့ဘူး...''

မောင်စိုးလက်ထဲ ကားအပ်ပြီးသည်နှင့် အရိပ်ရှိသည့်အပေါ်ထပ်ကိုသာပြေးတက်လာခဲ့သည်။တံခါးဖွင့်သံကြားလို့ထင်ပါရဲ့၊တစ်ဖက်ကို လှည့်အိပ်နေသည့်ကျောပြင်သေးသေးက တည်တံ့ဘက်လှည့်လာလေသည်။တည်တံ့ကိုမြင်တော့ မျက်လုံးအဝိုင်းသားဖြင့်...

"ဟင်...ကိုကို။ကုမ္မဏီမသွားဘူးလား''

"ခင်ဗျားလေး နေမကောင်းဘူးဆိုမှတော့ ကိုကိုက ဘယ်လိုလုပ်ပြီး.စိတ်ဖြောင့်ပါ့မလဲ။မပြောမဆိုနဲ့နေတယ်။သမီးသာ မပြောရင် သိမှာမဟုတ်''

အရိပ်ရဲ့ ခန္ဓာကိုယ်လေးက တည်တံ့ဘက် အပြည့်လှည့်လိုက်ပြီး တစောင်းထိုင်နေသည့်  တည်တံ့ ဒူးပေါ် လက်ချောင်းလေးများဖြင့် လာဆုပ်ကိုင်သည်။နဖူးက ချွေးစလေးများကို ကြည့်လျှင် အရိပ်နေမကောင်းဖြစ်နေသည်က အမှန်ဖြစ်၏။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Tempat cerita menjadi hidup. Temukan sekarang