အပိုင်း ၈(Z & U)

6.5K 610 22
                                    

Zawgyi

"ပါးပါးရေ...ပါးပါး...''

သမီးအခန်းဘက်က အော်ခေါ်သံကြောင့် မီးပူတိုက္လက္စ ကိုကို့အင်္ကျီကို ဘေးဖယ်လို့ သမီးဆီအသည်းအသန်ထပြေးရသည်။သမီးငယ်ဆီက ခုလိုအသံကျယ်ကျယ်နှင့်အော်တာမျိုးက ကြုံတောင့်ကြုံခဲ။

"ဘာဖြစ်တာလဲ...သမီး။ဘာဖြစ်လို့်လဲ''

သမီးရဲ့လက်ညိုးညွှန်ရာက ဘိုထိုင်ကြွေခွက်ထဲဖြစ်ပြီး အရိပ်ကြည့်လိုက်တော့ ရေနှင့်အတူရောပြွန်းနေသော အနီရောင်အချို့။

"သမီး...ရှူးပေါက်ရင်းသွေးတွေပါနေလို့.''

ဒီအခြေအနေက ဘာကိုဆိုလိုမှန်းအရိပ်သိလိုက်လေပြီ။ဘာလိုလိုနဲ့သမီးလေးတောင် အရွယ်ရောက်လာပါပေါ့လား။

"ဒီနားလည်းကိုက်တယ် ပါးပါး...သမီးရောဂါ ဖြစ်တာလားဟင်''

သမီးမျက်နှာက အတော်ပင်ပျက်ယွင်းနေပြီး သူတစ်ခုခုဖြစ်နေပြီရယ်လို့လည်း တွေးကြောက်နေပုံပင်။

"မဟုတ်ပါဘူး သမီးရယ်။ဒါ သမီးအရွယ်ရောက်လာပြီလို့ သဘာဝတရားကြီးက အသိပေးတာ။ဘာမှမဖြစ်ဘူး။မိန်းကလေးတိုင်းအရွယ်ရောက်လာပြီဆို သမီးလိုဖြစ်တယ်၊လာ..ပါးပါးပြမယ်''

သမီးကို ခုံတစ်ခုပေါ် ထိုင်ခိုင်းပြီး အရိပ်ကတော့ သမီး ဗီရိုအောက်ဆင့်က လစဉ်သုံး ဂွမ်းထုတ်နဲ့ သမီးရဲ့ under wear ကို သွားယူရသည်။သမီးရဲ့ ခန္ဓာဗေဒ ပြောင်းလဲလာကတည်း မမပိုးဝတီနဲ့တိုင်ပင်ပြီး သမီးလေးအတွက် လိုအပ်တာတွေကြိုပြင်ဆင်ထားခဲ့တာမို့တော်သေး၏။ဒီလိုကိစ္စမျိုး ဖြစ်လာပြီဆို သမီးနေရတာသက်တောင့်သက်တာရှိဖို့၊လုံခြုံဖို့က အရေးအကြီးဆုံးပင်။

"ဒီမှာကြည့်...အဲ့လို ဖြစ်တဲ့အချိန်ဆို ဒီဟာလေးကို သုံးရတယ်။ဒီလိုလုပ်ရတယ်..ကြည့်ထား.ဒီမှာတွေ့လား..တိပ်...။အဲ့ဒါလေးကို ဆွဲခွာ ပြီးရင် သမီးရဲ့အတွင်းဝတ်မှာ ကပ်။ဒီဘက်ကပိုနေတဲ့နှစ်ဘက်ကို ဘယ်တစ်ခုညာတစ်ခုပြန်ကပ်။ဒါဆိုဝတ်လို့ရသွားပြီ''

အရိပ်လုပ်သမျှကို လိုက်ကြည့်နေပေမဲ့ သမီးမျက်နှာကလုံးဝနားလည်ဟန်တော့မရှိ၊အရိပ်လည်း စစချင်းက ဒီလိုပင်။မမပိုးဝတီကို အပူကပ်ပြီးအခါပေါင်းမနည်းလေ့ကျင့်ထားလို့သာ သမီးရှေ့လွယ်လင့်တကူဖြစ်နေခြင်းသာ။သမီးမှာ ဒါတွေလုပ်ပေးမဲ့သူက အရိပ်ပဲရှိတာမို့အမျိုးသမီးကိစ္စတွေဖြစ်နေသည့်တိုင် အရိပ်ကတော့ထွေထူးပြီးရှက်မနေသလို ဘုန်းတွေကံတွေလည်းမတွေး။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now