Zawgyi
သမီး ဆွဲခေါ်ရာနောက်သာ လိုက်ခဲ့ရပေမဲ့ စိတ်က မဝံ့မရဲ။ကိုကို့ကိုလည်း အလုပ်မပျက်စေချင်သလို အရိပ်လိုက်ပေးမယ် ပြောလိုက်ကတည်းက ပျော်သွားသည့် သမီးရဲ့ မျက်နှာကြောင့် အရဲကိုးပြီး လိုက်လာခဲ့ခြင်း ဖြစ်သည်။ပွဲကျင်းပရာနေရာက သမီးတို့ကျောင်းရဲ့ အနောက်ဘက် ခြံဝန်းထဲမှာ။ခုံတွေ အသီးသီး ချထားပြီး မိခင်တွေလည်း စုံသလောက်ဖြစ်နေပြီ ထင်ပါရဲ့။အမျိုးသမီးအသီးသီးကတန်ဖိုးကြီးရတနာတွေဝတ်စားလာကြပြီး အလှတွေပြိုင်နေကြပေမဲ့ အရိပ္ကေတာ့ မိမိကိုနူတ်ဆက်မေးမြန်းလာရင်ဘယ်လိုပြန်ပြောရမလဲဆိုတာသာ ခေါင်းစားအောင်တွေးမိနေ၏။
"Woo....Rain....ဒါက...ပါးပါးလား။မြင်လိုက်တာနဲ့သိသာလိုက်တာ။သမီးကို ဘယ်လောက်ချစ်သလဲဆို တစ်ထပ်တည်းနီးပါးတူအောင်မွေးထားတာပဲ''
အနောက်တိုင်းအနွယ်ဝင် တီချယ်တစ်ယောက်က သမီးကို ပခုံးလေး လာဖက်ရင်း အရိပ္ကိုပါ နှူတ်ဆက်လေသည်။အရိပ်ကို မြင်တာနဲ့ သမီးရဲ့ ပါးပါးဆိုတာ တန်းခနဲ သိနေအောင်ကို သမီးရဲ့ မျက်နှာအစိတ်အပိုင်း အချို့ကလည်း အရိပ်နဲ့ကွက်တိမဟုတ်လား။
"ဟုတ်တယ်...တီချယ်...ဒီနှစ်ပါးပါး လိုက်လာပေးတာ''
"Rainလေးတော့ပျော်နေတော့မှာ၊နှစ်တိုင်း သူ့ပါးပါးကိုခေါ်ချင်တယ်လို့ တဖွဖွပြောနေခဲ့တာလေ''
"ဟုတ်ကဲ့ခင်ဗျ။ကိုတည်တံ့ မပါပေမဲ့ လိုအပ်တဲ့ ကိစ္စအတွက် ကျွန်တော် အကုန်လုပ်ပေးမှာပါ။ဘာတွေစီစဉ်ထားလဲ ခင်ဗျ''
တီချယ်တွေ ပြောသည့် အစီအစဉ်များအတွက် ကုန်ကျစရိတ်ကို ထုတ်ပေးပြီး လူရှင်းသည့်တစ်နေရာတွင်သာ ထိုင်နေမိသည်။မိန်းမတွေ အများကြီးကြား နေရတာ အဆင်မပြေ။ကိုကို တစ်ယောက် နှစ်စဉ်နှစ်တိုင်း ဘယ်လိုတွေ ဖြတ်ကျော်ခဲ့ပါလိမ့်...။
"Rainပါးပါး ဘာလို့..လာထိုင်နေတာလဲ။ဒီကို လာလေ ကိုတည်တံ့လာလဲ အဲ့လိုပဲ။ဘယ်တော့မှခေါ်မရဘူး။စီစဉ်ပေးပြီးရင် ပြန်တော့တာပဲ။ဒီနှစ်တော့ သမီးနဲ့နေပေးလိုက်ပါ၊ဟိုမှာ သမီးဘယ်လောက်ပျော်နေလဲ တွေ့တယ်မဟုတ်လား''
YOU ARE READING
ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)
Romanceသမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ပြီ ရေးခဖွဲ့ထားခြင်းဖြစ်ပါတယ်။ကိုယ်သာ...ဒီလိုမိသားစုလေး ပိုင်ဆိုင်ခဲ့ရင်ဆိုတဲ့ စိတ်ခံစားချက်လေးနဲ့ပေါ့..... စတင်သည့်ရက်..17.2.202...