အပိုင်း ၃၆ (Z & U)

Start from the beginning
                                    

"ပျော်တာပေါ့...ဦးအရိပ်ရဲ့။သားက ဒီကို သိပ်လာဖူးချင်တာ ​မေမေက မပို့ပေးလို့''

ဟိုမှာလည်း ကမ်းခြေတွေ ရှိသားပဲလို့ ကလေးနဲ့ တုမပြောလို။အဖေ မြန်မာ အမေ မြန်မာဆိုတော့လည်း မြန်မာကို ချစ်တဲ့စိတ်လေး ရှိနေတာ မထူးဆန်းပါဘူးလေ။ဒီကလေးငယ်လေး ကိုယ့်ရေမြေ ကိုယ် မပြန်ရတာလည်း အရိပ် ပယောဂမှ မကင်းခဲ့တာပဲ။

"ပါးပါး..သမီး ဟိုမှာနေတုန်းကလေ ​မောင်လေးက ကြက်ဥပေါင်း လုပ်လုပ်ကျွေးတာ။တော်တော် စားလို့ကောင်းတယ်။ဟင်းတွေလည်း ချက်တတ်တယ်''

"ဟုတ်လား...တော်လိုက်တာကွာ''

"ဟုတ်တယ်...ငယ်လေးရေ။မမတို့က နှစ်ယောက်လုံး အလုပ်နဲ့ဆိုတော့ သားငယ်ကို အစစအရာရာ လုပ်တတ်ကိုင်တတ်အောင် သင်ပေးထားရတော့တာ။ဂရုစိုက်ဖို့တော့ မှာရတာပေါ့"'

"သမီးလည်း ခုချက်တတ်ပြီ ကြီးကြီး''

အရိပ်လက်ကို ပခုံးပေါ် ဆွဲတင်ထားရင်းမှ သမီးက ဝင်ပြောလေသည်။ဟုတ်တာပေါ့၊ခုဆို တော်တန်ရုံဟင်းမျိုး သမီးချက်တက်နေလေပြီ။

"ဟုတ်လား...ကောင်းတာပေါ့''

"ဘာလဲ...သမီးက အငယ်ကောင်ထက်သာချင်လို့ ဟင်းချက်ထသင်တာလား.''

ကိုအာကာ့စကားကို ဘာမှမတုံ့ပြန်သေးဘဲ အရိပ်ဆီအကြည့်ရောက်နေသေးသည်။ခဏကြာမှ..

"အဲ့လိုရယ်တော့ မဟုတ်ပေမဲ့ အငယ်ကောင်နဲ့ပတ်သက်ရင် ကြီးကြီး စိတ်ချရသလို သမီးနဲ့ပတ်သက်ပြီးလည်း ပါးပါးကို စိတ်မပူစေချင်လို့။ပြီးတော့...ပါးပါးထိန်းကျောင်းတာ ညံ့လို့ အသုံးမကျဘူးဆိုတာမျိုး အပြောမခံစေချင်လို့။အမေနဲ့မနေလည်း အိမ်မှုကိစ္စနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်တာပါ''

ခုမှပင် သမီး ဟင်းချက်ချင်သည့် အကြောင်းအရင်း အရိပ် သိတော့သည်။အရိပ်အတွက်​တွေးပြီး သူပျင်းပါသည်ဆိုသောအလုပ်တွေကို သင်ခဲ့တာတဲ့လား။

"မမတို့လည်း အဆင်ပြေရင် ဒီကို ပြန်ပြောင်းလာခဲ့ပါတော့ အာကာ့ မိဘတွေလည်း အသက်တွေ မနည်းတော့ဘူးလေ။ကျွန်တော်တို့အတွက် ဒီလောက်ထိ လုပ်ပေးခဲ့ပြီးပြီပဲ...''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now