အပိုင်း ၃၆ (Z & U)

Start from the beginning
                                    

"ဟုတ်ပါပြီဗျာ...ကျွန်တော်က ကိုကို့ကလေးလေးပါ.''

ကိုကိုက အရိပ်ကို ဖက်ထားရာကနေ ဝရံတာလက်ရန်းပေါ် တက်ထိုင်လိုက်ပြီး အရိပ်ခါးကိုပါ ဆွဲဖက်လိုက်လေသည်။

"ဟိုမှာ ကြည့်ပါဦး ကိုကိုရယ်။ကျွန်တော်တို့ သမီး ​ပျော်နေလိုက်တာ''

"အဲ့တော့...ကိုကို့ကလေးက မပျော်ဘူးလား''

"ပျော်တာပေါ့...ဘယ်နှယ့်ပြောပါလိမ့်''

"အရိပ်..ကိုကိုနဲ့သမီး ဘယ်သူ့ကိုပိုချစ်လဲ''

မေးခွန်းသတ်လေပြီ။ဒီမေးခွန်းကို ဖြေဖို့အတွက် စကားလှလှလေးက ရှာရဦးမည်၊အရိပ်ရယ်တာမြင်တော့ ကိုကိုကမျက်ခုံးတွန့်ကာကြည့်လာရင်း..

"ဘာလို့ရယ်တာလဲ...ကိုကိုက အတည်မေးနေတာကို.''

"ကိုကိုက...ကလေးလား''

"ကလေးလေး..မလေးလေး။ ​မေးတာသာ ​ဖြေပါ။''

"ကိုကိုက ကျွန်တော့ရဲ့ ဝင်သက်ဆိုရင် သမီးက ကျွန်တော့ရဲ့ ထွက်သက်ပဲ ကိုကို။ကျွန်တော့်ဘဝ ရှင်သန်ဖို့အတွက် ကိုကိုက မဖြစ်မနေ လိုအပ်သလို သမီးလေး မရှိတော့တဲ့ ​နောက်မှလည်း ကျွန်တော် ​သေဆုံးသွားနိုင်တယ်''

ကိုကို့ရဲ့ အနမ်းနွေးနွေးက ပါးပြင်ထက် ကျရောက်လာလေသည်။ဘယ်အချိန်ပဲရရှိပါစေ။အမြဲတမ်းကို နွေးထွေးနေတတ်သောအနမ်းချိုချို။ကိုကို့လည်ပင်းကို တင်းနေအောင် ပြန်ဖက်ထားမိရင်းကိုကို့လည်တိုင်ကိုပါ အနမ်းဖွဖွလေး ခြွေချလိုက်မိ၏။

"ကျွန်တော်ကို...ချစ်ပေးခဲ့လို့ ​ကျေးဇူးတင်ပါတယ် ကိုကို''

"ကိုကို့တစ်ယောက်ကိုပဲ ခုထိ ချစ်ပေးခဲ့တဲ့အတွက်လည်း ကိုကိုက ကျေးဇူးပါ...ကလေးရယ်''

"အဟမ်း...''

"ဟားဟားဟား...ကောင်လေးကို မလွှတ်နဲ့ ဆက်ဖက်''

ရယ်မောသံများနဲ့အတူ မမတို့ မိသားစုတစ်သိုက် အရိပ်တို့နားရောက်လာတော့သည်။

"ပျော်ရဲ့လား...အငယ်လေး''

ဖက်နေရင်း တန်းလန်း လူမိတယ်ဆိုတော့ အရိပ်လည်း ရှက်ကိုးရှက်ကန်းဖြင့် အငယ်ကောင်လေးကို စကားစရတော့သည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now