အဆုံးထိအငြင်းဝါကျဆိုပြီးမယုံဘူးလို့ပဲအတင်းဘူးခံ
ငြင်းနေတဲ့ ကောင်မလေး ။ တယ်လည်း ခက်တယ်ရော် ။

" DNA အတု လုပ်လို့ရတာမှန်ပေမယ့် .. မင်းလည်း
စာတတ်တဲ့ သူတစ်ယောက်ပဲ  ..  အခု မင်းမြင်နေရ
တဲ့DNAက အစစ်လား အတုလားဆိုတာ မင်း ကိုယ်
ပိုင်ဉာဏ်နဲ့ပဲအရင်စဉ်းစားကြည့်ပေါ့ နောက်ပြီး ဟွန်း
ငယ်လည်း မင်းအရှေ့မှာရှိနေတာပဲ အကယ်လို့ မင်း
မယုံရင် မင်းကိုယ်တိုင် ဟွန်းငယ်ကိုမေးကြည့်ပေါ့ "

အချည်းများနေရမှ မဲ့ပြုံးတွေနဲ့ ပြောသော ချန်းယောလ်
စကားအဆုံး ဘတ်ခ်ဟွန်း မျက်နှာကို ထိုကောင်မလေး
ဖျတ်ခနဲ လှည့်ကြည့်လာသည် ။

မျက်ဝန်းတို့က တစ်ဆင့် ' အစ်ကို ဒါက အမှန်မဟုတ်ဘူး
မဟုတ်လား 'လို့  မေးနေမိပြီး     မျှော်လင့် တကြီးကြီးနဲ့
ဘတ်ခ်ဟွန်း ဖြေလာပေးမယ့် အဖြေကို စောင့်စားနေမိသည် ။

ဘတ်ခ်ဟွန်းမှာတော့ မျက်စိရှေ့က သူ့ကို လုနေတဲ့ လူ
နှစ်ယောက်ကို အတော်ပင် စိတ်နှောက်နေရသည် ။

သို့သော်လည်း သူ့ကို စိတ် အနှောက်အယှက် တော်တော်
ပေးတတ်တဲ့ ထို ကောင်မလေး ထက်စာရင် သူ့ကို တော်ရုံ
စိတ် အနှောက်အယှက်ပေးလို့ မရတဲ့ သူ ပိုမုန်းသွားမှာကို
သေမတတ်ကြောက်တဲ့   ချန်းယောလ်သည်   သူ့ စိတ်ကို
တော်ရုံတန်ရုံ စိတ် မနှောက်စေတာမလို့ ။

သူ့ အဖြေကို စောင့်နေတဲ့ ထိုကောင်မလေးကို နှုတ်ဆိတ်
လျက်ပင် ခေါင်းညိတ်ပြလိုက်တော့ ။

ချက်ချင်းဆိုသလို မျက်ရည်လေးတွေ ဝေ့ဝဲ တက်လာတဲ့
ထိုကောင်မလေး ။ အသည်းကလည်း တယ်နုပါ့လား
ကလေးမရယ် ။

တစ်ဖက်မှာတော့ သူ့ အဖြေကြောင့် ဝမ်းသာ ပီတိဝေကာ
အောင်နိုင်သူ အပြုံးကြီးနဲ့ မျက်နှာကို မော့နေတဲ့ မုန်းစရာ
ကောင်းတဲ့ လူကြီး ။

မကြီးမငယ်နဲ့ ကိုယ့်ထက်(၈)နှစ်ခွဲလောက် ငယ်တဲ့
ကလေးမလေးကိုများ အနိုင်ကျင့်ရတယ်လို့ ။

အသက်သာကြီးလာတာ စိတ်က သားထက် ငယ်တဲ့
လူကြီး ။ မုန်းဖို့ကောင်းလိုက်တာ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now