တစ်အိမ်လုံးမှ ၃ယောက်တည်းရှိတာကို ကြီးကြီးနဲ့ဦးအာကာမရှိရင် ဒီကလေးတစ်ယောက်တည်းပေါ့။
"သမီးငယ်...နားလိုက်ဦး။သားငယ်...မင်း မမ စားဖို့ တစ်ခုခု လုပ်ထားပေးလိုက်နော်။မေမေလည်း ခဏ နားချင်လို့''
"ဟုတ်ကဲ့..မေမေ။သား စီစဉ်ထားလိုက်မယ်။မမ အေးဆေးနားပါခင်ဗျ''
အထူးအဆန်းတွေချည်းပဲ ကြားနေရသလိုပင်။မိန်းကလေးဖြစ်သည့် မိုးရိပ်က သက်တောင့်သက်သာနေရသလောက် ဒီကောင်လေးကတော့ တစ်အိမ်လုံးကိစ္စ သူမသိတာမရှိသလောက်ပင်။ထားပါလေ၊လူလည်းပင်ပန်းလာတာမို့ ကြီးကြီးတို့သားအမိထွက်သွားသည်နှင့် ကုတင်ပေါ်ပစ်လှဲချလိုက်သည်။အပြင်ကပြန်လာတိုင်း ပါပါးဖျော်ပေးတတ်သည့် အသီးဖျော်ရည်လေးသတိရမိသား။ကြီးကြီးကတော့ မိုးရိပ်ဘာကြိုက်တတ်လဲ ဘယ်သိပါ့မလဲ။
အခန်းထဲနေတာကြာတော့လည်း လူကအဆင်မပြေ။ခြံထဲ ဆင်းကြည့်ချင်သည့်စိတ်နှင့် အပြင်ကိုထွက်လိုက်တော့ ဧည့်ခန်းထဲမှာ ဦးအာက laptopတစ်လုံးဖြင့်အလုပ်ရှုပ်နေပြီး ကြီးကြီးကတော့ အခန်းထဲအိပ်နေပုံရသည်။မီးဖိုခန်းဘက်က အသံအချို့က နားထဲဝင်လာတာမို့ ခြေလှမ်းတွေကို ထိုနေရာဘက်ဦးလှည့်လိုက်သည်။Apron ဝတ်ရက်သား အလုပ်ရှုပ်နေသော အငယ်ကောင်။ကလေးဆိုပေမဲ့လည်း အနောက်ကကြည့်လျှင် လူပျိုပေါက်ထက်ပင်သာလွန်နေလေပြီ။
"မမ...လာလေ။မမ ဘာကြိုက်မှန်းမသိလို့ သား.ကြက်ဥပေါင်းပေးနေတာ။အဆင်ပြေလား''
"ပြေပါတယ်။ဒါနဲ့ မင်းက ဟင်းလည်း ချက်တတ်တာပဲလား''
မိုးရိပ်အမေးက ဘာများရယ်စရာပါသွားပါလိမ့်။
"တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။မေမေက အကုန်သင်ထားတာ။မလုပ်ချင်လို့သာ ရှိရမယ်။မလုပ်တတ်လို့မရဘူးတဲ့။ပြီးတော့ မောင်လေး ကိုယ်တိုင်လည်း ဝါသနာပါတယ်လေ။.မြည်းကြည့်...မမ''
နှုတ်ခမ်းဝရောက်လာသော ကြက်ဥတစ်ဇွန်းက ပါးပါးလုပ်ပေးနေကျနှင့်မတူသော်လည်း အရသာတော့ တစ်မျိုးကောင်းနေသည်။
"ကောင်းတယ်။ဒါနဲ့ ဟိုတစ်ခါ လာတုန်းကတော့ မင်းချက်တာ မတွေ့ပါဘူး''
BẠN ĐANG ĐỌC
ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)
Lãng mạnသမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ပြီ ရေးခဖွဲ့ထားခြင်းဖြစ်ပါတယ်။ကိုယ်သာ...ဒီလိုမိသားစုလေး ပိုင်ဆိုင်ခဲ့ရင်ဆိုတဲ့ စိတ်ခံစားချက်လေးနဲ့ပေါ့..... စတင်သည့်ရက်..17.2.202...
အပိုင်း ၃၃ (Z & U)
Bắt đầu từ đầu