စာစဉ် ၂၈ ( ၉ - ၁၄ )

Start from the beginning
                                    

သို့သော်၊ သူ့စိတ်ထဲတွင် ထိုညပုံရိပ်တို့ ချက်ချင်းဝင်ရောက်လာသည် -ကုတ်အင်္ကျီကို ထိုယောက်ျားပုခုံးပေါ် ရီပိုင် ခြုံပေးနေပုံ…
သူ့အား လည်စည်းပ၀ါကို ပတ်ပေးနေပုံ…

ထိုယောကျာ်း၏မျက်နှာအား ရီပိုင် ကြည့်နေသည့်အကြည့် တို့…

ကုန်ရွှီရဲ့မျက်နှာထက်တွင် ဝေခွဲမရဖြစ်နေတာကို
မြင်လိုက်သည်နှင့် ထန်ရှင်းဟျော် တိုးတိုးလေး
ပြောလာသည်။
“မင်း…မဟုတ်လို့ရှိရင်…” တကယ် ဂေး…

ကုန်ရွှီ၊ အသံတိုးတိုးလေးဖြင့် ။
“ငါ မဟုတ်ရင် ဘာလဲ”

ထန်ရှန်းဟျော်၊ သူ၏စိတ်အတွေးအား ထုတ်မပြောရဲပါ။
သူ၊ ခေါင်းကို ယမ်းလိုက်ပြီး ခိုင်ခိုင်မြဲမြဲပြောချလိုက်၏ ။
“ဘာမှမဟုတ်ဘူး ။ ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး”

ကုန်ရွှီသည် ထန်ရှင်းဟျော်အား ကြောက်စရာကောင်းလောက်အောင် စူးစိုက်ကြည့်လို့နေ၏ ။ သူ့အကြည့်တို့သည် အိတ်စ်ရေးတစ်ခုသဖွယ် ထိုးဖောက် တော့မတတ် ။

စူးစူးရဲရဲ စိုက်ကြည့်ခံနေရခြင်းကြောင့် ထန်ရှင်းဟျော်၊
ကြက်သီးမွေးညင်းတို့ ထသွားရပြီး သူ့ရဲ့ပါးစပ်ကို
ကြောက်လန့်တကြား အုပ်ပစ်လိုက်တော့၏ ။

မဟုတ်လောက်ပါဘူးနော် ။
သူ ငါ့ကို အဲ့ဒါကြီး ထပ်လုပ်ချင်နေတယ်လို့
ငါ့ကို မပြောနဲ့နော် ။

ကားဆရာ၊ ကားရပ် ။ ကားရပ်တော့ ။

ငါ ကားပေါ်ကဆင်းချင်တယ် ။

ထန်ရှင်းဟျော်သည် အစက ဒီည ကုန်ရွှီ၏အိမ်မှာ နေဖို့ရာပါ ။ သို့သော်၊ လက်ရှိအခြေအနေအရ သူနဲ့အတူနေခြင်းသည်
အလွန်တရာပင် အန္တရာယ်ကြီးလွန်းလှချေသည် ။

ကားသည် အိမ်တော်ကြီးနား ရောက်လာလေလေ
ထန်ရှင်းဟျော် တုံ့ဆိုင်းခြင်းမရှိဘဲ ဆင်းပြေးချင်လေလေ ။
သို့သော်၊ သူ ကားပေါ်က ဆင်းတော့မည်အပြု
တစ်ခုခုမူမမှန်သည်ကို သဘောပေါက်သွားရ၏ ။

အိမ်တော်၏အပြင်ဘက်တွင် လူအုပ်ကြီးက ၀ိုင်းအုံလို့ နေကြခြင်းပင် ။ သတင်းထောက်တို့သည် ကင်မရာနှင့် မိုက်ကရိုဖုန်းတို့ကို ကိုင်ထားကြပြီး မရေတွက်နိုင်သောဖန် တို့သည် အလင်းရောင်ပါသည့်ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင် ထားကြသည်…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now