အပိုင်း ၂၁(Z & U)

Start from the beginning
                                    

အတွေးများစွာနှင့်အတူ အပေါ်တက်လာရင်း သိလိုစိတ်များအတွက် အာကာ့ရုံးခန်းကိုသာဦးစွာဝင်လိုက်သည်။အလုပ်စားပွဲမှာ မျက်မှန်ကြီးတကားကားနဲ့မိန့်မိန့်ကြီးထိုင်နေသူက အာကာသာဖြစ်သည်။မတွေ့ရသည့်နှစ်တွေအတွင်း အဖိုးအိုပေါက်စအဖြစ် ပုံစံပြောင်းသွားလေပြီ။

"ဟေ့ရောင်..."

"ဟာ..တည်တံ့။မင်းကွာ..မပြောမဆိုနဲ့''

အလုပ္စားပြဲကေန ချက်ချင်းကိုထကာ ပြေးဖက်လာသူကြောင့် တည်တံ့ခန္ဓာကိုယ်တောင် အနောက်ကိုယိုင်သွားရသည်။

"မင်းကို အံ့သြအောင်လို့။ဒါနဲ့ ဟိုတစ်ယောက်က ဘာလို့ဒီကိုရောက်နေတာလဲ''

"ဘယ်သူ...။အာ..မိုးအရိပ်နဲ့တွေ့လာတာထင်တယ်။သူက ဒီမှာအလုပ်လုပ်နေတာ။ဒါတွေထားပါ။နောက်မှ ငါရှင်းပြမယ်။လောဆယ် ငါအစည်းအဝေးရှိလို့ သွားရမယ်။မင်း ဒီကပဲစောင့်နေ၊ဟိုမှာမင်းနေရာ။အရင်အတိုင်းပဲ ငါထားထားတယ်''

အခန်းအပြင်ကို အလောတကြီးထွက်သွားတာများမြန်ချက်။တည်တံ့မရှိသည့်အခိုက် သူတစ်ယောက်တည်းမို့ ပုံမှန်ထက်ပင်ပန်းမှာအမှန်ပင်။သို့သော်လည်း တစ်ချက်လေးတောင် မညည်းပြခဲ့။လွန်ခဲ့သောနှစ်တွေကထိုင်ခဲ့သော စားပွဲမှာဝင်ထိုင်လိုက်ပြီး အပြင်ကိုမျက်နှာမူမိတော့ စာရွက်စာတမ်းတွေကို ဟိုပို့ဒီသယ်နဲ့အလုပ်ရှုပ်နေသည့်အရိပ်ကို မကြည့်ပါဘဲ မြင်နေရသည်။အရိပ်က ဒီလိုနေရာမှာရှိသင့်တဲ့လူမဟုတ်ဘူးလေ။ပြီးတော့ ဒီလိုဆံပင်မျိုးနဲ့လည်း အရိပ်က လိုက်ဖက်နေပါရောလား။

"Okလေ...မင်းဘဲကြီးက ရေဘယ်လောက်တတ်နိုင်လဲမေးလိုက်။ရေများလေ မိုးအရိပ်တို့က ချစ်တတ်လေပဲ။တစ်ည ဘယ်လောက်ပေးမလဲ ပြော''

အရိပ်ပြောခဲ့သောစကားများက တည်တံ့အတွက် ခုထိနာကျင်နေရဆဲ၊နှစ်တွေကြာခဲ့ပြီးလည်း ဒီဒဏ်ရာက မကျက်နိုင်ပေ။ကိုယ့်ကို ငွေအတွက်ကပ်ခဲ့ပါတယ်ဆိုတာကိုတောင် နားလည်ပေးနိုင်ပေမဲ့ တခြားယောကျာ်းနဲ့အိပ်ဖို့အထိပြောထွက်လာသည်ကိုတော့ ခွင့်မလွှတ်နိုင်။ခရီးစဉ်ကြောင့်ရော အတွေးများမှုကြောင့်ပါ ရောပြီးခေါင်းကကိုက်လာတာတာမို့ နားထင်နှစ်ဖက်ကို ခပ်ပြင်းပြင်းဖိထားလိုက်မိသည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now