အပိုင်း(33)

Start from the beginning
                                    

”အယ် ကျွန်မက လက်မထပ်ခင်က မုန့်အိမ်တော်ကသခင်မလေးဆိုတာ သိနေတာလား”

                 ဖေးဖေးက အန်းဟာအား အံ့သြစွာ မေးလိုက်သည်။ တကယ်တော့ ဖန်ဖေးဖေးက မုန့်အိမ်တော်က သခင်မလေးဆိုတာ သိသည့်လူ ရှားလေသည်။ သိသည့်နည်းတူ ထိုအချိန်က ကိစ္စကိုပါ သိမည်ကို စိုးရိမ်ခဲ့သည်။

”မဟုတ်တာ ဒီအတိုင်းပြောနေလို့သိတာပါ ကျွန်တော်တောင်မဖြစ်နိုင်ဘူးထင်နေတာ”

”ဟုတ်ပါ် ကျွန်မက မုန့်သခင်မလေးပါ ပြီးတော့ 16နှစ်နဲ့မွေးခဲ့တာ ဟုတ်ပါတယ် ဒါထက်ကျွန်မ ရွဲအိမ်တော်သွားရမှာမို့ ခွင့်ပြုပါဦး”

               ဖေးဖေးသည် ထိုအကြောင်းကို ဆက်မေးခံရမည်ကို စိုးရိမ်၍ စကားဖြတ်ကာ လှည့်ပြန်ခဲ့သည်။

                ဖန်ဖေးဖေးထွက်သွားတော့မှ ဖန်အာလည်း သက်ပြင်းချနိုင်ပေတော့သည်။ အန်းဟာကိုလည်း ကျေးဇူးတင်မိသည်။သို့ပေသော်လည်း ဖန်အာ မသိသည်က သူတို့စကားပြောနေသည်ကို လူတစ်ယောက်ကြည့်နေသည်ကိုပေါ့။

--------------------------------------------------------

”ဒါက ဘာသဘောကိုဆိုလိုတာလဲ”

          လီဖန်း သူ၏​ဘေးနားတွင်ရှိနေသော မိဖုရားခေါင် ရှင်းရှင်းကိုပြောလိုက်သည်။ တကယ်တော့ ဖန်ဖေးဖေးနှင့် ဖန်အာ နှစ်ယောက်ပြောသည်မှ အစ အန်းဟာပြောသည်အဆုံး သူတို့နှစ်ယောက် ကြားခဲ့သည်။

”ကျွန်တော်မျိုးမလည်း မင်းကြီးကို အဲဒါပြောချင်တာ ဘာပဲပြောပြော ဖန်အာက ဖန်အိမ်သားအစစ် မဟုတ်နိုင်လောက်ဘူး”

”မိဖုရားခေါင်ရှင်းရှင်း အဲ့လောက်ထိတော့ မဖြစ်နိုင်ဘူးလေ”

”ဘာလို့မဖြစ်နိုင်ရမှာလဲ မင်းကြီးပဲစဉ်းစားကြည့်လေ ဖန်သခင်မက သူ့သွေးသားနဲ့အမျိုးကို အရမ်း ချစ်ခင်တာလေ ဖန်သခင်မလုံးဝ ဖန်အိမ်သားအစစ်ကို လွှတ်မှာမဟုတ်လောက်ဘူး”

          မှန်သည် တကယ်လည်းဖန်သခင်မက တကယ်ပင် အဲ့လိုလူတစ်ယောက်ပင်။ ဒီကိစ္စတွေအားလုံးက ရှင်းရှင်းတို့မောင်နှမသုံးယောက် စီစဉ်ခဲ့တာမှန်ပေမယ့် ဘယ်လိုပင်ဖြစ်ဖြစ် ဖန်အာက ဘာမှမသိပေ ဖန်အာကို သနားမိလာသည့်အတွက် ရှင်းရှင်းအနေနှင့်တိုင်ပင်ထားသောကိစ္စကိုဖျတ်ရမည် ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now