အပိုင်း ၁၅ (Z & U)

Start from the beginning
                                    

"အင်း...ငါမှသူ့ကိုမချစ်ပဲကွာ။ခုသူက လက်ထပ်ဖို့ပြောနေပြီ။အဲ့ဒါ ငြင်းကြခုံကြရင်းနဲ့ သူ့ကိုမချစ်ဘူးဆိုတာ လွှတ်ခနဲပြောမိသွားတယ်။ပြောပြီးမှတော့ မတတ်နိုင်တော့ဘူးလေ''

"မင်းကကွာ။ခဏလေးသည်းခံပါဦးလား။ဟိုမှာရောက်ပြီးရင်ကို မင်းဘဝကတစ်ဝက်မက အဆင်ချောနေပြီလေ''

ထက်အောင်ကျော် ပြောတာတော့ မှန်ပေမဲ့ အရိပ္ကို လက်ထပ်ဖို့ အေရး planတွေ ချပြီး ပျော်နေသည့် ဦးတည်တံ့ကို မြင်နေရတာ တကယ္ကို စိတ်ညစ်သည်။လိမ်ညာပြီး ရရှိနေသည့် စည်းစိမ်တွေလည်း အရိပ် မလိုချင်တော့။အားနာခြင်းလား။စိတ်ကုန်လာခြင်းလားဆိုတာတော့ သေချာမဝေခွဲတတ်တာ အမှန်။

"မင်း...သူ့ကို တကယ်မချစ်တာရော သေချာလား မိုးအရိပ်''

"သေချာတာပေါ့။သေချာလို့လည်း အိမ်ပေါ်ကတောင် ဆင်းလာပြီလေ''

"ဒါဆို...ဒါကဘာကိစ္စနဲ့သယ်လာရတုန်း"

ထက်အောင်ကျော် လက်ထဲမှ အရာကို လှမ်းကြည့်တော့ အရိပ်နဲ့ဦးတည်တံ့အတူရိုက်ထားသောပုံလေး။ဦးတည်တံ့က သူ့ကိုကျောပိုးထားရင်း ခေါင်းလေးစောင်းငဲ့လို့ နမ်းရှိုက်နေဟန်။သူကလည်း အပူအပင်ကင်းကင်းကို ရယ်နေခဲ့တာပဲ။ဦးတည်တံ့ကလေ တစ်အိမ်တည်းအတူနေတာတောင် သူ့အပေါ်ကို နမ်းတာထက်ပိုသည့် အခွင့်အရေးမျိုး ဘယ်တုန်းကမှ မယူခဲ့ဖူးပေ။

"တခြားဟာတွေ သယ်ရင်းမှားပါလာတာကွာ''

"ဖြစ်နိုင်တာလည်း ပြော။မင်းယူလာတာ ဒီတစ်ပုံတည်း။ မင်းစိတ်မင်းလည်း သေချာစဉ်းစားဦးနော် မိုးအရိပ်''

"တော်ပါကွာ။ဆုံးဖြတ်ပြီးပြီ။မင်းအလုပ်သွားမှာမဟုတ်လား သွားတော့။ငါ့အတွက်လည်း အလုပ်တစ်နေရာစာပြောခဲ့ပေး။အရင်လို အလွယ်နှိုက်လို့ရတဲ့ငွေတွင်းကရှိတော့တာမဟုတ်ဘူး။အလုပ်လုပ်မှဖြစ်မယ်။အဝေးသင်လည်းပြန်တင်ရဦးမယ်''

အိမ်နိမ့်စံဆိုတာ သူ့လိုဘဝကို ပြောတာ ထင်ပါရဲ့။လုံးချင်းတိုက်မှာရေမီးအစုံနဲ့ လေထီးခုန်ခဲ့ရသည့် အခြေအနေမှသည် ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲ ကျောတခင်းစာ တစ်နေရာနှင့် ကျေနပ်နေရပြီလေ။လေအေးပေးစက် ဝေးလို့ ပန်ကာလေး တစ်လုံးပင် မရှိ။ဗိုက်ဆာလို့ အရံသင့်စားစရာ ထည့်သိုရာ ရေခဲသေတ္တာဆိုသည်ကလည်း ရှိဖို့မမျှော်လင့်နဲ့ ဆင်ဆင်တူသည့် ကြောင်အိမ်တောင် မမြင်ရ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now