"ကျွန်တော်ကိုမနှောင့်ယှက်ပါနဲ့တော့။ကျွန်တော် တကယ္ကို ငွေတစ်ခုတည်းအတွက် ခင်ဗျားနားမှာ နေခဲ့တာ။ကျွန်တော် ကောင်းကောင်းနေရဖို့ ကောင်းကောင်းစားရဖို့ ကောင်းကောင်းဝတ်ရဖို့ ။နောက်ပြီး ကျုပ်သင်ချင်တဲ့ ဗိသုကာပညာကို သင်ခွင့်ရဖို့ ခင်ဗျားဆီက ငွေကြေး အကူအညီလိုခဲ့လို့ ခင်ဗျားအချစ်ကို လက်ခံခဲ့တာ။"
"မင်း ညာနေတာ အရိပ်။ကိုကို..မင်းပြောနေတာတွေကို မယုံနိုင်ဘူးကွာ။ပြောပါ ကိုကိုမှားတာရှိရင် ကိုကို ပြင်ပါ့မယ်''
"ခင်ဗျား မမြားပါဘူး။လိမ်ညာခဲ့တဲ့ ကျွန်တော်က မှားတာ။ခင်ဗျား စဉ်းစားကြည့်လေ။ကျွန်တော့လို ရေသန့်ပို့တဲ့ကောင်က နိုင်ငံခြားမှာကျောင်းတက်ချင်လို့ဖြစ်ပါ့မလား။အဲ့လိုအချိန်မှာ ခင်ဗျားက ရောက်လာတော့ အတော်ပဲ ဖြစ်သွားတာ။ပြီးတော့ ခင်ဗျားသိထားဖို့က ကျွန်တော်က ရေမရောတဲ့ယောကျာ်းစစ်စစ်ဗျ။ခင်ဗျားဘယ်လောက်ချမ်းသာချမ်းသာ ယောကျာ်းချင်းတော့ မယူနိုင်ဘူးလေ''
အရိပ် နူတ်ဖျားက ထွက်လာသော စကားလုံးတိုင်းက တည်တံ့ရင်ကို ဓားအစင်းစင်းဖြင့် ထိုးနှက်နေသည့်နှယ်။ဒီလောက်တောင် ချစ်ပြခဲ့ပြီးမှပဲ နာနာကျင်ကျင် ပြောဆိုရက်နိုင်အား၏။ဘေးနားကနေ အရိပ်ထွက်သွားပေမဲ့ ဒူးအစုံက ပြန်လည်မမတ်နိုင်သေး။မြေပြင်ပေါ် ဆင့်ကာဆင့်ကာထိုးမိထားသည့်လက်ချောင်းများမှာလည်း သွေးဖြိုင်ဖြိုင်ကျနေသည့်တိုင် သူ့ရင်ထဲမှ နာကျင်မှုကိုမယှဉ်နိုင်ပေ။
#
ဘုတ္ခနဲ မြည်သွားသော အထုပ်ပစ်ချသံနှင့်အတူ ထက်အောင်ကျော်တစ်ယောက် မျက်လုံးအပြူးသားဖြင့် ကြည့်လာလေသည်၊
"ဟေ့ကောင်...ဘာဖြစ်လာတာလဲ။မင်း ဘော့စိ မင်းကိုကန်ထုတ်လိုက်ပြီလား ဟုတ္လား''
နှစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျ သိပြီးသားသူမို့ ထွေထူးဖုံးကွယ်နေစရာမလို။
"ငါ့ဘာငါ..ဆင်းလာတာ"
"ဟာ...ဘယ်လိုဖြစ်ရတာတုန်း။မင်းပဲ နိုင်ငံခြားမှာကျောင်းတက်ဦးမှာဆို။ပြန်လာမှ အဆက်ဖြတ်မယ်ဆိုကွ၊ခုကျဘယ်လိုဖြစ်ရတာလဲ။သွားဖို့ပဲ နီးနေပြီကို''
YOU ARE READING
ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)
Romanceသမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ပြီ ရေးခဖွဲ့ထားခြင်းဖြစ်ပါတယ်။ကိုယ်သာ...ဒီလိုမိသားစုလေး ပိုင်ဆိုင်ခဲ့ရင်ဆိုတဲ့ စိတ်ခံစားချက်လေးနဲ့ပေါ့..... စတင်သည့်ရက်..17.2.202...
အပိုင်း ၁၅ (Z & U)
Start from the beginning