အပိုင်း ၁၀ (Z & U)

Start from the beginning
                                    

မည်သို့ပင်ဆိုစေကာမူ ထည်ဝါ့အတွက်ကတော့ နောက်ခံအကြောင်းအရာတွေထက် သူ ဖြစ်နေခြင်းက အဓိက အကြောင်းအရာပင်။သူ့ကိုသူ 'ကိုယ်'လို့သုံးတာလေးကို သေဘာက်မိသလို မနွဲ့နှောင်းပါပဲ ရဲရင့်သည့်ပုံစံလေးကိုလည်း နှစ်သက်သည်။မိန်းမမဆန်သည့်တိုင် ကျက်သရေရှိသည့်အလှတရားအချို့ကလည်း သူ့ဆီမှာ ပုံအောပြီးရှိနေလေတော့ တစ်နေ့တစ်နေ့ မြတ်နိုး၍ကိုမဝနိုင်ချေ။

ဆယ်ကျော်သက်အရွယ်မို့ ထည်ဝါ့ကိုစိတ်ကစားတာလို့ထင်ကောင်းထင်နိုင်ပေမဲ့ ထည်ဝါ့အတွက်တော့ မိုးရိပ်တည်ကြည်ဆိုသောမိန်းကလေးက ဘဝလက်တွဲဖော်ဖြစ်သည်အထိ နှောင်တွယ်ချင်မိသော မိန်းကလေးသာဖြစ်သည်။စတွေ့ကတည်းက ရင်ထဲတစ်နေရာမှာနေရာယူသွားသည့်ဒီမိန်းကလေးနှင့်ထည်ဝါနီးစပ်ချင်သည်။ဘဝခရီးကိုအတူဖြတ်သန်းချင်သည်။

"ဟိတ်...သား.ကားပေါ်က မဆင်းဘဲ ဘာတွေ တွေးနေတုန်း....''

တွေးကောင်းကောင်းနဲ့ထိုင်နေမိတာ ဖေဖေလာခေါ်မှပင် အိမ်ရောက်မှန်းသတိထားမိ၏။ထည်ဝါ့ဖေဖေက အငြိမ်းစားဗိုလ်ကြီးတစ်ဦးဖြစ်ပြီးရှေ့တန်းမှာရသောဒဏ်ရာကြောင့် တာဝန်မှရပ်နားခဲ့ရသူ။ထိုဒဏ်ရာကြောင့်ပဲ ဖေဖေ့ရဲ့သွားလာလှုပ်ရှားမှူတိုင်းက တုတ်ကောက်မပါ၍မရသောအခြေအနေဖြစ်လာခဲ့ရသည်။

"သား တွဲပေးမယ်''

ကားထဲကနေ ခပ်မြန်မြန်ထွက်လိုက်ပြီး ဖေဖေ့လက်ကို တွဲလိုက်တော့..

"ရပါတယ်သားရ။တစ်နှစ်ပတ်တောင်မကတော့ဘူးဟာကို ဖေဖေလျှောက်ကျင့်ရနေပါပြီ''

"သား..တွဲချင်လို့ပါ...''

ဖေဖေ့ရဲ့အပြုံးက မိုးရိပ်တည်ကြည်လိုပင်။တည်ငြိမ်ပြီး ရင့်ကျက်နေဟန်အပြည့်။

"ဟော....သားတောင် ပြန်လာပြီ...ကြာနေလို့ မေမေက စိတ်ပူနေတာ...''

"ဟုတ်တယ်...မေမေ...ကျောင်းမှာကိစ္စလေး ရှိလို့...''

မေမေ့ကို မုသားအဖြူရောင်လေး သုံးလိုက်ပေမဲ့ ပြုံးပြီး လှမ်းကြည့်သည့် ဖေဖေ့ကြောင့် မလုံမလဲ။မင်းဘာလုပ်လဲ ငါသိတယ်နော်ဟု ထည်ဝါ့ကို ပြောနေသလိုပင်။အင်းပေါ့လေ...ဖေဖေ့တုန်းကလည်း နောက်တန်းပြန်ရောက်ချိန်ဆို မေမေ့ဆီ အပြေးအလွှား သွားတွေ့ရသည် မဟုတ်လား။စာတစ်တန် ပေတစ်တန်နဲ့ မရရအောင် ယူထားရသည့် မေမေ့ကို ဖေဖေက အင်မတန်ကို မြတ်နိုးလှသည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now