စာစဉ် ၂၇ ( ၁၉ - ၂၀ )

Start from the beginning
                                    

ချက်ချင်း၊ ပြိုင်တူဖြေလာကြသည်ကား ။
“မမြင်ဘူး၊ မမြင်ပါဘူး…လျိုချန်း သူ့ဘာသာ မှောက်ကျတာပါ”

“လျိုချန်း တမင်သက်သက် လင်းရှောင်ကျဲ့ပေါ် ကော်ဖီမှောက်ချတာ”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ သူ မနာလိုဖြစ်ပြီးတော့ တမင်လုပ်တာ။ ဒါတော့ အရမ်းလွန်တယ်”

….

“နင်…နင်တို့အားလုံး ။ အဆိပ်ပြင်းတဲ့ ကလိမ်ကကျစ်တွေ”
ရှောင်ချန်း၊ ဒေါသထွက်နေလေပြီ ။

လင်းရှောင်ကျဲ့သည် နာမည်ကြီးလာခဲ့ပြီးသည့်နောက်ပိုင်း ကိန်းကြီးခန်းကြီးပြုမူရသည်ကို နှစ်သက်ပြီး
လူသစ်လေးတွေကို အနိုင်ကျင့်ရသည်ကို ချစ်မြတ်နိုးလေရာ၊
လျိုချန်းလို ပြိုင်ဘက်ဆိုလျှင် ပြောစရာပင်မရှိတော့ ။

ဒီအခိုက်၊ သူ လျိုချန်းအား တစ်ချက်ကြည့်လာပြီး ပေါ့ပါးစွာဖြင့် ပြောလာသည် ။ “ငါ့ကို အနိုင့်ကျင့်တယ်လို့ မပြောနဲ့။ မင်း မတောင်းပန်ဘူးဆိုလဲ ရတယ်။ ဒီဝတ်စုံဖိုးက ဒေါ်လာ ၈ သိန်းကျတယ် - အဲ့ဒီတန်ဖိုးအတိုင်း ပေးလိုက်၊ ဒါဆို ဖြစ်ပျက်သမျှကို မေ့ပေးမယ်”

ဤ၀တ်စုံ၏တန်ဖိုးကို ကြားလိုက်ရသည့်အချိန်
လူတိုင်း အံ့အားသင့်မင်သက် သွားမိကြသည်…

“၀ိုး ။ ဒီဝတ်စုံက ဒီလောက်တောင်မှ ဈေးကြီးတယ်လား”

“အင်းပေါ့ဟ။ ဒါက ဘရန်း H ကနေ အကန့်အသတ်နဲ့ထုတ်တဲ့ ၀တ်စုံလေ။ တစ်ကမ္ဘာလုံးမှာမှ ဆယ်စုံပဲရှိတယ် ။ စိန်ကြယ်သီးတစ်လုံးစီကကို ဒေါ်လာ တစ်သိန်း ရှိတယ်တဲ့…”

ဒီဝတ်စုံသည် ဘယ်လောက်ထိ ဈေးကြီးလှသည်ကို ကြားလိုက်ရ သည့်အခိုက် ရှောင်ချင်း၊ အထိတ်ထိတ်အလန့်လန့် ဖြစ်သွားရသည် ။
“ဒါပေမယ့်…ဒါပေမယ့် နည်းနည်းလေး ပေသွားရုံပဲဟာ - လျှော်ပေးရင် မရဘူးလား။ ရှင်တို့ ဒီလောက်ထိ လုပ်စရာ လိုလို့လား”

ဝမ်ရှန်းရှန်း၊ အထက်စီးလေသံဖြင့် မာမာထန်ထန် ပြောလာ သည်။
“လျှော်ပေးမယ် - နင် နောက်နေတာလား။ ဒီလိုဝတ်စုံက ဘယ်လိုလုပ်ပြီး ဒီတိုင်း လျှော်လို့ရမှာလဲ။ နည်းနည်းညစ်ပတ်သွားရုံပဲ ဆိုရင်တောင်မှ ၀တ်စုံတစ်ခုလုံး ပျက်စီးသွားရတာဟ။ ဟုတ်ပီလား။ ထားလိုက်ပါတော့။ နင့်လို တောသားက နားလည်နိုင်မှာမှမဟုတ်တာ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now