Part 6 ( Unicode)

Mulai dari awal
                                        

တစ်ယောက်တည်းထိုင်နေတုန်း ရုတ်တရက် အနောက်ကနေ မျက်လုံးကို လာပိတ်တာခံလိုက်ရလေသည်။ နူးညံ့နေတဲ့ လက်ဖဝါးလေးနဲ့ လက်ချောင်းသွယ်သွယ်လေးတွေရဲ့ အထိအတွေ့ကိုခံစားမိနေရကာ ပန်းနံ့လေးတွေပါ ရနေတာကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။

"ဘာလို့မလန့်တာလဲ။ မင်းက လန့်သွားရမှာလေ။"

သူမှန်းသိနေတာကို ကျွန်တော်က ဘယ်လိုလုပ်လန့်ရမှာလဲ။ ပြီးတော့ ဘုရင်ကို အခုလို မျက်စိလာပိတ်ပြီး စရဲတဲ့လူဆိုတာ နန်းတွင်းထဲမှာ ဘယ်နှယောက်လောက်များ ရှိနေနိုင်လို့လဲ။

"ပျော်စရာလဲမကောင်းဘူး။"

သူ့လက်ကလေးတွေကို ကျွန်တော့်မျက်နှာကနေ ဖယ်လိုက်ကာ သူက အရှေ့ဘက်ကို လျှောက်လာလေသည်။ ဆံပင်ရှည်တွေကို ကျစ်ဆံမြီး ကျစ်ထားကာ တစ်ဆင့်ချင်းစီမှာ စံပယ်ပန်းလေးတွေနှင့် နှင်းဆီပန်းအနီနဲ့အဝါလေးတွေကို လှလှပပလေး ပုံဖော်ပြီးပန်ထားလေသည်။ဝတ်ရုံအနက်ရောင်လေးဝတ်ထားပြီး ပန်းရောင်စုံလေးတွေပန်ထားတဲ့ သူ့ပုံစံက တကယ့်ယုန်ပေါက်စလေးလို ဖြူစွတ်နေကာ ချစ်ဖို့ကောင်းလွန်းနေလေသည်။သူက ကျွန်တော့်ထက် အသက် ၁၀ နှစ်ကြီးတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား။

သူ့ဆံပင်ကို ဘေးဘက်ကို သေချာ ဂရုတစိုက်လေးသိမ်းယူလိုက်ကာ ခုံတန်းမှာ ဝင်ထိုင်လိုက်လေသည်။ ပြီးတော့ ငါးတွေကို လှမ်းကြည့်နေရင်းက တွဲလောင်းချထားတဲ့ ခြေထောက်လေးတွေကို လွှဲယမ်းနေတာက ချာတိတ်မပေါက်စလေးနဲ့တူနေလေသည်။

"ငါးစာတွေယူလာပြီ။"

လက်ခုပ်ဖွဖွလေးတီးကာ ကလေးလေးလို ပျော်နေလေသည်။ ပြီးတော့မှ ကိုယ်ရံတော်လက်ထဲက ငါးစာတွေထည့်ထားတဲ့ ဗန်းကို သူကလှမ်းယူလိုက်ကာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အလယ်မှာ ချထားလိုက်လေသည်။

ကျွန်တော်က ပေါင်မုန့်ရှည်တစ်ခုကို ယူလိုက်ကာ တစ်ဖဲ့ချင်းစီ ဖဲ့ပြီး ကန်ထဲကို ပစ်ကျွေးနေလိုက်သည်။

"ဘုန်းထက်... တခြားနေရာကိုလဲ ပစ်ကျွေးဦး။ခပ်ဝေးဝေးကို ပစ်။ အဲ့ဒါမှ အားလုံးစားရမှာ"

RestartTempat cerita menjadi hidup. Temukan sekarang