Part 6 ( Unicode)

Start from the beginning
                                        

စာဖတ်မယ်ဆိုတဲ့လူက စာအုပ်တစ်အုပ်မှ ယူမလာဘဲ ဥယျာဉ်ထဲရောက်တာနှင့် ပန်းတွေလိုက်ခူးနေကာ ပြေးလွှားနေလေသည်။ ကျွန်တော်ကတော့ ခုံမှာထိုင်နေရင်းက ရေနွေးကြမ်းသောက်နေတာဖြစ်သည်။

ခဏနေတော့မှ ပန်းတွေ တစ်ပွေ့တစ်ပိုက် ခူးလာပြီးတော့ အခြွေအရံတွေနှင့်အတူ ကျွန်တော်ထိုင်နေတဲ့ အနားကို ရောက်လာကာ ထိုင်လိုက်လေသည်။ ဥယျာဉ်တော်ထဲမှာ ညီညာနေသော မြက်ခင်းတွေအပြည့်ရှိနေတာမို့ သူက ဖိနပ်ပါ ချွတ်ကာ ခြေဗလာနဲ့ လျှောက်သွားနေခဲ့တာဖြစ်သည်။ သူခုံမှာထိုင်လိုက်တော့မှ ကောင်မလေးတစ်ယောက်က သူ့ဖိနပ်ကို သူ့ခြေထောက်လေးနားမှာ လာချပေးလေသည်။ ဒါကိုလည်းအခုထိ ဖိနပ်စီးဖို့ သတိမရသေးပေ။

ပန်းတွေကို တစ်ခုစီကောက်ပြီး မွှေးကြည့်နေရင်းက

"တိုးလေး... ငါဒီပန်းတွေပန်ချင်တယ်။ ငါ့ကို ပန်ပေးပါ။"

"ကောင်းပါပြီ မိဖုရားကြီး"

သူက ကျွန်တော့်နားကပ်ထိုင်နေတာမို့ ကောင်မလေးနှစ်ယောက်က သူ့အနားဘယ်လိုကပ်ရမှန်းမသိဖြစ်နေလေသည်။

ကျွန်တော်ကပဲ အလိုက်တသိ ထရပ်လိုက်ကာ

"ကျွန်တော် လမ်းသွားလျှောက်လိုက်ဦးမယ်။"

"အင်း.... ကိုကို ခဏနေရင် လိုက်လာခဲ့မယ်နော်"

ကျွန်တော့်ကို ပြန်ပြောပြီးတာနှင့် သူ့အာရုံက သူ့ရဲ့ပန်းတွေဆီကို ပြန်ရောက်သွားပြီဖြစ်သည်။ အဲ့ဒါနဲ့ ကျွန်တော်လဲ ဘာမှမပြောဖြစ်တော့ပဲ အဆောင်လေးအပြင်ဘက်ကို ထွက်ခဲ့လိုက်လေသည်။

ဥယျာဉ်ထဲမှာ သစ်ပင်ကြီးတွေကို အဝိုင်းပုံစံစိုက်ပျိုးထားတာကြောင့် နေ့လည်ခင်းကြီးပေမယ့် အရိပ်ရနေလေသည်။ နေအပူဒဏ်ကို အရမ်းမခံစားရဘဲ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိုတဲ့အပင်တွေ၊ ပန်းရနံ့တွေကြောင့် စိတ်ကို အပန်းပြေစေလေသည်။ လမ်းပုံစံလေး လုပ်ထားတဲ့အတိုင်း ဆက်လျှောက်သွားလိုက်တော့ ရေကန်တစ်ခုကို တွေ့ရတာမို့ အဲ့ဒီနားက ခုံတန်းမှာ ထိုင်လိုက်လေသည်။ ရွှေဝါရောင်ငါးကြီးတွေ ကူးခတ်နေတာကို ထိုင်ပြီးငေးကြည့်နေမိသေည်။ ခဏနေတော့မှ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ကိုယ်ရံတော်တစ်ယောက်ကို ခေါ်လိုက်ကာ ငါးစာကျွေးဖို့ သွားယူခိုင်းလိုက်လေသည်။

RestartWhere stories live. Discover now