Part 6 ( Unicode)

Start from the beginning
                                        

"သြော်...အဲ့ဒါပြောဖို့တွေးနေတာလား။ကျွန်တော်က ဘာများလဲလို့။ မကြိုက်တဲ့ဟင်းထည့်ပေးမိလို့ မစားတော့တာထင်နေတာ။"

"မဟုတ်ပါဘူး။ ကိုကို က အစားမရွေးတတ်ဘူး။ အကုန်စားတယ်။ ခုနက ကိုကို ပြောတာကို သေချာမှတ်ထားပေးနော် ဘုန်းထက်"

"ကောင်းပါပြီဗျာ။ ဒါနဲ့ ထမင်းစားပြီးရင် ဘယ်သွားကြမလဲ။"

"ဥယျာဉ်တော်ထဲကို သွားမယ်လေ။ နေ့လည်ဘက်ဆို ကိုကို က အဲ့ဒီမှာ စာဖတ်နေကျ"

အခုမှ စိတ်တွေပေါ့ပါးသွားတာမို့ သူ့ကိုပါ ပြုံးပြလိုက်ပြီး ထမင်းကိုပြီးအောင် ဆက်စားလိုက်တော့သည်။

'ဘုန်းထက် ပြောင်းလဲသွားတယ်ဆိုတာ စိတ်ထင်နေတာပဲနေမှာပါ။ ဘာမှမတွေးတော့ပဲ အရင်ကလို ရင်းရင်းနှီးနှီးပဲနေတော့မယ်။'

........

ကျွန်တော် သူ့ကို ကိုကို လို့ခေါ်ဖို့နှုတ်မရဲသေးတာကြောင့် ကြင်ယာတော်လို့ပဲ ခေါ်လိုက်တာကို သူ့ကိုပြန်စနေတယ်လို့ပဲ ထင်သွားပုံရသည်။ အခုတော့ပြုံးပြုံးပျော်ပျော် ပြန်ဖြစ်နေကာ ပါးလေးဖောင်းနေတဲ့အထိ ပလုတ်ပလောင်းစားနေလေသည်။ တစ်ခါတစ်ခါ ကျွန်တော့်ကို မော့ကြည့်ကာ ပြုံးပြနေသေးသည်။ တကယ်ကို ချစ်စရာကောင်းပြီး ဖြူစင်တာပဲ။ သူ့ကိုငေးကြည့်နေမိပြီး သတိပြန်ဝင်လာတော့မှ ကိုယ့်ရဲ့ စားသောက်ခြင်းအလုပ်ကို ဆက်လုပ်လိုက်ရလေသည်။

........

'ဥယျာဉ်တော်ထဲမှာ စာလာဖတ်နေကျ တဲ့လား။ သူပြောတာကို ယုံမိတာကိုက ငါ့အမှား'

ကိုယ့်ကိုကိုယ် ပြန်အပြစ်တင်လိုက်မိရင်းက ဥယျာဉ်အလယ်က အမိုးလေးနဲ့ အဆောင်ထဲက ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။ ကိုယ်တိုင်လဲ ငြိမ်ငြိမ်သက်သက်နေရတာကို သဘောကျတာမို့ စာဖတ်ဖို့လိုက်လာမိတာဖြစ်သည်။

စားသောက်ပြီးကြတော့ သူ့ရဲ့ အထိန်းတော်တွေ၊ အခြွေအရံတွေနှင့်အတူ ဥယျာဉ်ဘက်ကို လျှောက်လာခဲ့ကြတာဖြစ်သည်။ အထိန်းတော်ကြီးကတော့ စီစဉ်စရာတွေရှိသေးတာကြောင့် ကျွန်တော့်နန်းဆောင်ကို သွားပြီဖြစ်သည်။

RestartWhere stories live. Discover now