ဘယ်လိုအရှိန်အဝါမျိုးမှန်းမသိပေမဲ့ သူ့စကားတွေကို လိမ်လိမ်မာမာလေးနားထောင်နေမိလောက်အောင်ကို ကျွန်တော့်ကိုလွှမ်းမိုးထားနိုင်တာဖြစ်သည်။
ခုနက ညီလာခံက ပြန်လာတုန်းကလဲ အရှင်မင်းကြီးတစ်ခုခုတော့ ပြောင်းလဲနေတယ် ဆိုပြီး အမတ်တွေတီးတိုးပြောနေတာ ကြားခဲ့ရသေးသည်။ မနက်ကလဲ သူက အိမ်ထောင်သည်ဖြစ်ပြီမို့ တည်တည်တံ့တံ့နေကြည့်မလို့ ဆိုပြီး ဘုန်းထက်ကပြောထားသေးသည်။ ဒါပေမဲ့ လူတစ်ယောက်က တကယ်ပဲ နေ့ချင်းညချင်း ပြောင်းလဲနိုင်ပါ့မလား။
"ကြင်ယာတော်...ဘာများမကြိုက်တာပါလို့ ဆက်မစားတော့တာလဲ"
အခုလဲလူကို ကြင်ယာတော် ဆိုပြီး ခေါ်နေပြန်သည်။ အရင်ကဆို သူစိမ်းဆန်လို့ ဆိုပြီး ရာထူးအသုံးအနှုန်းတွေ တော်ရုံသုံးလေ့မရှိတဲ့သူကအခုတော့ ကြင်ယာတော် လို့ခေါ်နေပြန်သည်။ အခုထိ သူ့စိတ်ထဲမှာ မကြည်မလင်ဖြစ်နေတာများလား။ ကျွန်တော်ကိုယ်တိုင်လဲ အရင်က ညီလာခံခန်းမထဲ မရောက်ဖူးတာမို့ ဘယ်နားမှာ ထိုင်ရမယ်ဆိုတာ တကယ်ကိုပဲ မသိတာဖြစ်သည်။ ဘုန်းထက်ရဲ့မယ်တော် မိဖုရားကြီးက ဘုန်းထက် အနားမှာပဲ အမြဲနေဖို့မှာထားတာကို ပြန်တွေးနေမိတာကြောင့် ဘာကိုမှ သတိမထားမိဘဲ ဘုန်းထက်ဘေးကနေ တောက်လျှောက်လိုက်နေခဲ့မိတာဖြစ်သည်။ဘုန်းထက်ထိုင်ချလိုက်တဲ့အချိန်ကျမှ သတိဝင်လာပြီး ကျွန်တော်လဲအနားမှာရှိတဲ့ခုံကို ထိုင်လိုက်မိတာဖြစ်သည်။ ဒါကို သူ့ကိုသေချာရှင်းပြမှဖြစ်မည်။
"ဘုန်းထက်"
သူက နှုတ်ခမ်းတွန့်သွားရုံ ပြုံးလိုက်ကာ
"ခုနကလို အရှင်မင်းကြီး လို့မခေါ်တော့ဘူးလား"
အဲ့ဒါဆို ကျွန်တော်သူ့ကို အရှင်မင်းကြီးလို့ ခေါ်လို့ သူက ကြင်ယာတော် လို့ခေါ်ပြီး ပြန် စ နေတာပေါ့။ အခုမှပဲ စိတ်ထဲ ပူနေတာတွေလျော့သွားတော့တယ်။
"မနက်တုန်းကလေ...ကိုကိုက ညီလာခံခန်းမထဲ တစ်ခါမှ မရောက်ဖူးလို့ ဘယ်နေရာက ဘာမှန်းမသိဘဲနဲ့ ထိုင်မိတာပါ။ မင်းချစ်ရမယ့် မိဖုရားရလာလို့ အဲ့ဒီရာထူးပေးချင်တယ်ဆိုရင် အချိန်မရွေး ကိုကို့ ဆီကနေ ရာထူးပြန်ရုတ်သိမ်းပါနော်။ ကိုကို ကျေနပ်ပါတယ်။"
YOU ARE READING
Restart
RandomAbout someone who wants to give up on his life. What will happen if he gets a second chance to live again in another person's place?
Part 6 ( Unicode)
Start from the beginning
