အေးစက်နေသောကြမ်းပြင်တွင် ခြေဗလာနှင့်လျှောက်နေသော်လည်း Ran Feng Ge၏ခြေလှမ်းတို့က ကြော့မော့လှသည်။ သို့သော်
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ" ဟု အန္တရာယ်ပေးမည့်ဟန်နှင့် မေးလာသည်။

"မင်းက Jing Qiu Hanမဟုတ်ဘူးပဲ" လူသတ်သမား၏ လေသံက ပိုင်နိုင်လှသည်။

"Jing Qiu Hanက ဘယ်မှာလဲ..?"

Ran Feng Geက ပြုံးလိုက်သည့်အခါ အန္တရာယ်မရှိဟုပင်ထင်ရသည်။

"Jing Qiu Hanက ငါပဲလေ..ငါ့ဒဏ်ရာက မင်းတို့တွေးထားသလောက်မပြင်းထတန်ရုံပါပဲ။ ပဲရစ်မှာကုသအ​ပြီး ငါ ကောင်းသွားပြီ။ မင်းတို့တွေပေါ်လာအောင်ဖျားယောင်းဖို့သာ မေ့မြောနေဟန်ဆောင်ခဲ့တာ။ သေချာပေါက်မှ စိတ်ပျက်သွားရဲ့လား။ ပြောကြည့် ...ငါ မင်းကိုဘယ်လိုလုပ်လိမ့်မလဲဆိုတာ"

"ဟမ့်...သွေးနားထင်ရောက်မ​နေနဲ့"

သူ့နံကို အုပ်ကိုင်ကာ လူသတ်သမားက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

"ငါ ကျိုးသွားတာ နံရိုးနှစ်ချောင်းလောက်တော့ရှိမယ်..ဒါပေမဲ့ မင်းလည်း လုံးလုံးကြီးကောင်းသေးတာကျလို့ ..မဟုတ်ဘူးလား...မင်းဒဏ်ရာတွေ ​အရှင်းပျောက်ပြီပဲဆိုဆို ငါ့ကိုပဲယှဥ်တိုက်နိုင်ပြီပြောပြာ...ငါ့ပြိုင်ဘက်ဖြစ်ဖို့တော့ ကောင်းကောင်းမလုံလောက်သေးဘူး... ဆိုမှတော့ ငါဒီကိုမရောက်ခဲ့သလိုမျိုးနဲ့ ဘာကြောင့်မို့ ရပ်တန်းကရပ်ပြီးမေ့မပစ်ရမှာလဲ ..?"

"ဟဟား...."

Ran Feng Geက ကျယ်ကျယ်လေးရယ်လိုက်ကာပြောသည်။

"မင်းပေးတဲ့ အကြံက မဆိုးဘူးပဲ"

လူသတ်သမားလည်း ဝမ်းသာသွားပြီး တံခါးမှထွက်ရန်အမြန်လုပ်လိုက်သည်။

သို့သော် တစ္ဆေတစ်ကောင်ကဲ့သို့ Ran Feng Geက သူ၏လမ်းကို ပိတ်လိုက်၏။

"ကံမကောင်းတာက...မင်း လူရွေးမှားသွားတာပဲ...မင်းက ငါ့ကိုလာရှုပ်မှတော့ ပေးသေဖို့ဝန်မလေးပါဘူး...ဒါပေမဲ့ ဘယ်သူ့အတွက် လုပ်ပေးတာလဲ ဖွင့်ပြောရင်တော့ ဒီတစ်ကြိမ် ငါ လွှတ်ပေးလိုက်မယ်"

လူစားထိုး Where stories live. Discover now