Su Yi Moတောင် အိပ်ယာပေါ်က လူက Jing Qiu Hanအစစ်ပါလို့ ထင်သွားလုနီးဖြစ်ခဲ့ရသည်။

ထင်သွားလုနီးဆိုရာမှာ......
အကယ်၍ Su Yi Moသာ Jing Qiu Hanအစစ်ရှိနေတဲ့ Pingan ဆေးရုံက လောလောလတ်လတ် ပြန်လာခဲ့တာသာ မဟုတ်ရင် သေချာပေါက် သူလည်းမှားယွင်းမိပေမည်။

Ran Feng Ge...။သူဟာ ဝှက်ဖဲဆိုတဲ့ နာမည်နဲ့ လုံးဝထိုက်တန်ပေသည်။ နေမကောင်းသည့်လူနာနှင့်လည်း အတိအကျကို တူလေသည်။

Ran Feng Geက သူ့ကို တစ်စုံတစ်ယောက်ကြည့်နေသည်ဟု ခံစားရသဖြင့် သူ့ရဲ့မျက်လုံးကို မသိမသာဖွင့်ကာ သ့ူကိုကြည့်နေသော သူအား ခိုး ကြည့်လိုက်သည်။ ဒါက Su Yi Moဆိုတာ မြင်တာနဲ့ Ran Feng Geက နှုတ်ခမ်းကို အနည်းငယ်တွန့်လိုက်သည်။ ထိုအခိုက်မှာပဲ သူ့ရဲ့ ကွဲအက်နေတဲ့ နှုတ်ခမ်းတွေမှ သွေးများယိုစီးလာလေသည်။

မရည်ရွယ်ပါဘဲ...Su Yi Mo၏ နှလုံးသားက အနည်းငယ်တစစ်စစ်ဖြစ်သွားသည်။

ဒီမျက်နှာကိုများ....

Damn!
Su Yi Mo က Ran Feng Geကို အလိုမကျသလို ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ယခင်ကအတိုင်း သူ၏ အေးတိအေးစက် မျက်နှာအနေအထားသို့ ပြန်ရောက်သွားသည်။

Ran Feng Geက Su Yi Moဖြစ်ပျက်သွားတာကို မမြင်ပေ။ သူ့ရဲ့မျက်ဝန်းတွေကို အလျင်အမြန်မှိတ်ကာ သူ့ရဲ့ အက်ကွဲနေတဲ့ နှုတ်ခမ်းကိုစေ့လိုက်သည်။ သေတော့မည်ကဲ့သို့ သို့မဟုတ် အတိမ်းအစောင်း မခံနိုင်သည့်လူမမာကဲ့သို့ ဆက်လက်ဟန်ဆောင်လိုက်သည်။

ယမန်နေ့က Su Yi Moနှင့် Jing Qiu Hanတို့၏ ပတ်သတ်မှု အပေါ် သူက စပ်စုတော့ ထိုရေခဲတုံးကြီးက သူ့ကို ငြင်းဆိုခဲ့သည်။

ဒါက Ran Feng Geကို လက်လျှော့စေမှာတဲ့လား.....။သူက ဘယ်သူမို့လို့လဲ..။ ထုတ်လုပ်ရေးလောကမှာ သူက အကောင်းဆုံး body double  (လူစားထိုးသရုပ်ဆောင်) ပဲဟာ။ သူက အလုပ်တစ်ခုကို လက်ခံဖို့ဆုံးဖြတ်လိုက်တာနဲ့ ထိုသူ၏ အချက်အလက်မှန်သမျှကို ချေးကလု သေးကလုကအစ အသေးစိတ် မှတ်သားတတ်လေသည်။

သူ့ရဲ့ အကောင့်ထဲကို ငွေသုံးသန်းဝင်ရောက်လာပြီးနောက်မှာ Ran Feng Geက Su Yi Moနဲ့ Jing Qiu Hanတို့ရဲ့ နောက်ခံအသိုင်းအဝိုင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့သည်။ တစ်ပြိုင်နက်ပင် ယမန်နေ့က သူမေးခဲ့သော မေးခွန်း၏အဖြေကိုလည်း ရရှိခဲ့ပြီ။

လူစားထိုး Where stories live. Discover now