"ကိုဖြိုး....ကိုကို သွားမလို့လား.မသွားပါနဲ့...ကိုကို တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

'သူသူ'ခေါ်လိုက်တဲ့ ကိုကိုဆိုတဲ့အသုံးအနှုန်းကြောင့် 'သော်သော်'သဝန်တိုသွားကာ စိတ်ကိုထိန်းတဲ့အနေနဲ့သူယူလာတဲ့ဖိုင်တွဲကိုငုံ့ကြည့်နေလိုက်သည်။

"ဟုတ်သားပဲ အကိုကလဲ...တခြားသူလွှတ်လိုက်ပါ့မယ်"

('နိုင်နိုင်'ကဝင်ပြောသည်။)

"တခြားသူတွေကို ယုံရဖို့မလွယ်ဘူးလေ...သူတို့ကနှစ်ဖက်ချွန်လုပ်လိုက်ရင်ဘယ်လိုလုပ်မလဲကွ"

"အဲ့လိုအဆိုးဘက်က မကြည့်ပါနဲ့အကိုရာ...ယုံရတဲ့သူတွေလဲရှိမှာပါ...ပြီးတော့ အကိုကကျွန်တော့်တို့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တယ်ဆိုတာ သူတို့သိသွားမှာပဲ...အဲ့လိုဆို အကို့ကိုသူတို့ကသံသယဝင်လာပြီး အကိုလုံခြုံမှာမဟုတ်တော့ဘူး"

"ဟုတ်တယ်လေ ကိုဖြိုးကလဲ...သူတို့ကဖေဖေမေမေတို့ကိုတောင် ရက်ရက်စက်စက်လုပ်ကြံခဲ့သေးတာ...ကိုကို့ကိုလဲ သူတို့လုပ်မှာပဲ...'သူသူ'စိုးရိမ်တယ်.တခြားတစ်ယောက်ကိုပဲရွေးကြရအောင်နော်"

အဲ့ဒီကိုကိုဆိုတဲ့စကားလုံးပါလာတိုင်း 'သော်သော့်'ရင်ကိုဓားနဲ့ထိုးနေသလိုပဲခံစားနေရတယ်။အဲ့ဒါနဲ့ အဲ့ခေါ်သံတွေမကြားရအောင်လို့ စာရွက်တွေကိုလျှောက်လှန်နေလိုက်တယ်လေ။

"ကိုကို့ကိုစိတ်မပူပါနဲ့ 'သူသူ'ရယ်...ကိုကိုက ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်ပါတယ်...'မြတ်ထိပ်ထား'ရဲ့အတွင်းရေးမှူးဖြစ်ဖို့ဆို ကိုဖြိုးသွားမှဖြစ်မှာလေ...ပြီးတော့ ဒီမှာအလုပ်လုပ်တယ်ဆိုပေမယ့် ရိုးရိုးကုမ္ပဏီပြောင်းတာလို့ပဲ သူတို့ထင်မှာပါ...ကိုဖြိုးက အမေ့အိမ်ထောင်စုစာရင်းထဲမှာပဲတရားဝင်ရှိတာမလား...အဖေ့သားဆိုတာလဲ ဘယ်သူမှသိတာမဟုတ်ဘူးလေ...အဲ့တော့သံသယဝင်စရာမရှိပါဘူး"

"ဒါပေမယ့်လဲ 'ကိုဖြိုး'ကိုမလွှတ်နိုင်ဘူး...ကိုကို မသွားပါနဲ့နော်...တခြားသူကိုပဲလုပ်ခိုင်းကြမယ်...နော် ကိုကို...'သူသူ'တကယ်စိုးရိမ်လို့ပါ"

'သော်သော်'ဒေါသတွေထွက်လာလို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရသည်။အခုမှပဲ သဝန်တိုတာဘယ်လိုမျိုးလဲဆိုတာ သူမခံစားမိတော့သည်။

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now