"ကျေးဇူးတင်ပါတယ်။ကိုကို့နားမှာ ရှိနေပေးခဲ့လို့''
အရိပ်ရဲ့ကျေးဇူးတင်စကားကိုတော့ ကိုကို့နဖူးထက် အနမ်းပေးလိုက်ရုံဖြင့် ဖွင့်ဟမပြောလည်းပဲ ကိုကိုသိလောက်ပါပြီ။
"တကယ်မခွဲနိုင်ဘူးကွာ.....သမီးလေး မွေးတုန်းက လွဲရင် ဘယ်နှခါများ ကိုကိုတစ်ယောက်တည်း သွားဖူးလို့လဲ"
"ဟုတ်ပါပြီ...ဒါဆိုလဲမြန်မြန်ပြန်ခဲ့လေ...နော်။ဟိုရောက်တော့လည်း ဖုန်းဆက်ပေါ့ ဟုတ်ပြီလား"
"အင်း..."
ကိုကို့ရဲ့အသွင်အပြင်က အပြင်ပန်းကြည့်လျှင် အေးတိအေးစက်ဆိုပေမဲ့ တကယ်တမ်းကျ သိပ်ကိုနွေးထွေးတဲ့သူ။အရိပ်ကို ချစ်သလို သမီးကိုလည်း အတော်လေးချစ်ရှာသည်။ခုလိုကြီး ခွဲပြီးလည်းမသွားဖူးလေတော့ ကိုကိုစိတ်မဖြောင့်တာမထူးဆန်းပေ။အရိပ်မလိုက်ခြင်းလိုက်ခြင်းကလည်း ကျန်းမာရေးကြောင့်ဆိုတာထက် သမီးကြောင့်ဆိုပိုမှန်လိမ့်မည်၊တွေးတော့ကြည့်မိပါရဲ့၊ကလေးနဲ့မွေးမိခင်ကို ခွဲထားတာ လုပ်ကောင်းရဲ့လားလို့လေ။
#
ဖုန်းသံမြည်နေပေမဲ့ ကိုင်သူမရှိ။ဒီအချိန်က သမီးအိပ်ချိန်လည်းမဟုတ်တာကို။ခြံထဲဆင်းပြီး သားအဖနှစ်ယောက်ဆော့နေလေသလား။
"ဟဲလို...ကိုကို"
မျှော်နေမိတဲ့ သံချိုတေး။အရိပ်ရဲ့အသံကိုကြားတာနဲ့တည်တံ့နှုတ်ခမ်းတစ်စုံက ပြုံးမိရက်သား။
"ခေါ်နေတာကြာပြီ''
"ဟုတ်တယ်ကိုကိုရေ။သမီးကို ရှူးတည်နေတုန်း တန်းလန်းမို့ မကိုင်မိတာ။သမီးရေ...ဖေ...ဆက်နေတာ။လာလာ...ဖေ လို့ခေါ်လိုက်"
"ဖေ....''
အရိပ်ရဲ့ အသံနဲ့ အတူ သမီးရဲ့ မပီကလာ ပီကလာ အသံလေးပါ ဖုန်းထဲမှနေ၍ ဖြတ်သန်းရောက်ရှိလာသည်။
"အင်း..သမီး။ဖေ့ကိုမလွမ်းဘူးလား ဖေ့သမီးက''
"များကြီး လွမ်းတယ်..ဖေ့''
"ဟာ...လက်နှစ်ဖက်ပါ ဝိုင်းပြနေတာကိုကိုရေ..ကိုကို့သမီးကတော့ အတတ်..ဟားဟား''
YOU ARE READING
ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)
Romanceသမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ပြီ ရေးခဖွဲ့ထားခြင်းဖြစ်ပါတယ်။ကိုယ်သာ...ဒီလိုမိသားစုလေး ပိုင်ဆိုင်ခဲ့ရင်ဆိုတဲ့ စိတ်ခံစားချက်လေးနဲ့ပေါ့..... စတင်သည့်ရက်..17.2.202...
အပိုင်း ၃ (Z & U)
Start from the beginning