ဒါပေမဲ့ ခင်ဗျားတို့ မသိတဲ့ အမှောင်တစ်ခြမ်းမှာ ကျွန်တော် ဘယ်လောက် အထီးကျန်သလဲ ဘယ်သူမှ မသိဘူး။မိဘတွေဆုံးသွားတဲ့အပြင် တစ်ဦးတည်းသောအဖိုးက မြာပွေတဲ့နေရာမှာ နှစ်ယောက်မရှိ။ပုံမှန်ဆို ပြင်ပမှာသာ  ရှုပ်ပွေတတ်ပေမဲ့ ဖွားဖွားဆုံးပြီးချိန်မှစလို့ အယောက်ပေါင်းမနည်းအောင် ထည်လဲပြီး အိမ်ပေါ်ခေါ်တငိလာတော့တာပါပဲ။ဒီတော့ တစ်ဦးတည်းသောမြေး ကျွန်တော့ကို ခပ်ငယ်ငယ် အရွယ်ကတည်းက တစ်အိမ်သက်သက်မှာ ထားခဲ့တာ။ထားပေးတာပေါ့ အိမ်အကူတွေ ခြွေရံသင်းပင်းတွေ။ဒါတွေက ဘယ်လောက်ပဲ ကျွန်တော့အပေါ် ကောင်းနေပါစေ။ကျွန်တော် လိုအပ်တာက မိသားစုမေတ္တာ။

ကျွန်တော်လိုချင်တဲ့ အရာကို ဘေးလူတွေဆီကပဲ ကျွန်တော်ရခဲ့တယ်။ဖိုးဖိုးကတော့ ပိုက်ဆံရှာတတ်အောင်ပဲ သင်ပေးခဲ့တာမို့ ဆယ်တန်းအောင်ပြီးတဲ့ အချိန်ကတည်းက ဖိုးဖိုးစီးပွားရေးတွေကို ကျွန်တော် စတင်ကိုင်တွယ်နိုင်နေပြီ။ဘွဲ့ရပြီးချိန်မှာတော့ ကျွန်တော့လက်ထဲ ကိုယ်ပိုင်လုပ်ငန်းစုတွေ ပိုင်ဆိုင်လာရပြီ။ကလေးဘဝက မက်မောခဲ့တဲ့ မေတ္တာတွေကိုလည်း ကျွန်တော်မမက်မောတော့သလို ကျွန်တော့်ခြေ ကျွန်တော်လက်နဲ့ ဘဝလမ်းကို လျှောက်ရင်း သူနဲ့အတူတူ မိသားစုဖန်တီးနိုင်ခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်တင် မဟုတ်ဘဲ သိပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်လည်း ကျွန်တော်တို့ ပိုင်ဆိုင်ထားခဲ့ပြီဆိုမှတော့ ကျွန်တော့အတွက်တခြားဘာများ ထပ်ပြီး လိုအပ်ဦးမှာလဲဗျာ...။

#

မိုးရိပ်တည်ကြည်

ကိုယ့်နာမည်က မိုးရိပ်တည်ကြည်။ဖေနဲ့ပါးပါးတို့ရဲ့ နာမည်ကို ပေါင်းစပ်ပြီး ခေါ်တွင်ထားတဲ့ အမည်နာမ။နားများ ရှုပ်သွားမလား ဖေနဲ့ပါးပါးဆိုတော့လေ.။ရှင်းပြမယ်နော်။တကယ်တော့ ကိုယ်က လိင်တူစုံတွဲကနေ ဖန်တီးထားတဲ့ မိန်းမပျို။ကိုယ့်ဖေ နာမည်က တည်တံ့နေနိုင်။အနေတည်တယ်။အေးဆေးတယ်။ဖေ့ရုပ်ရည်ကို ရည်ညွန်းရရင် ချောတာထက်ပိုတယ်။အသားအရည်က ကိုယ့်လိုပဲ ဝါညက်ညက်။ဖေက ထက်မြက်တယ်။တည်ကြည်တယ်။အရာအားလုံး ဖေ့ရဲ့ အကြည့်အောက်မှာ ပြားပြားဝပ်သွားနိုင်တဲ့ အထိ ဖေ့ရဲ့အကြည့်က စူးရှတယ်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now