ကိုယ့်စိတ်ကိုယ် သေချာပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို ကျွန်တော်တို့ လက်ခံလာနိုင်ကြတယ်။မိန်းမစိတ်ဝင်နေလို့ ယောကျာ်းတစ်ယောက်ကို ချစ်တာမဟုတ်သလို ယောကျာ်းတိုင်းကို မြင်သမျှသဘောကျတာမျိုးလည်းမဟုတ်ခဲ့ဘူး။အဓိက အချက်က ကျွန်တော်မို့လို့ ကိုကိုက ချစ်ခဲ့သလို ကျွန်တော်ကလည်း ကိုကို့မို့လို့ မြတ်နိုးခဲ့ရုံပါ။တကယ်လို့ ကျွန်တော်တို့ အချင်းချင်းသာ မတွေ့ဖြစ်ခဲ့ကြရင် သေချာတာတစ်ခုက ကျွန်တော်တို့ နှစ်ဦးစလုံးပုံမှန်အိမ်ထောင်ရေးတစ်ခုကိုပဲ ဖန်တီးမိကြမယ်လို့ ကျွန်တော်ထင်တယ်၊၊ပြီးတော့ နားမလည်တဲ့ လူတွေကို နားလည်အောင် လိုက်ရှင်းပြနေတာထက် နားလည်ပေးတဲ့လူတွေကြားမှာ ဘဝကို မြှုပ်နှံလိုက်တာ အကောင်းဆုံးပါပဲ။

#

တည်တံ့နေနိုင်

"ကိုကိုရေ''ဆိုတဲ့ခေါ်သံလေးနဲ့တင် ကျွန်တော့စိတ်တွေ အရည်ပျော်သွားအောင် ဖန်တီးနိုင်သူက ကျွန်တော် ချစ်ရသူ ။ကျွန်တော့အတွက်ဆို အသက်ပါမငဲ့ဘဲ စေတးရဲတဲ့ သူ။ကျွန်တော်တို့နှစ်ယောက်လုံးမှာ တူညီတဲ့ ဆန္ဒလေး တစ်ခုရှိတယ် ။ပျော်ရွှင်တဲ့ မိသားစုဘဝေလးကို လိုချင်ခဲ့တာပါ။ဒီဆန္ဒလေး တစ်ခုကပဲ မတူညီတဲ့ အလွှာခြားနားခြင်းတွေကို အငွေ့ပျံကာ ပျောက်သွားသည်အထိ စွမ်းခဲ့တယ် ထင်ပါရဲ့ ။အဲ့လိုဆို မေးစရာတော့ ရှိလိမ့်မယ်။မိသားစုလိုချင်တာကို ဘာလို့ မိန်းမ မယူခဲ့သလဲလို့ပေါ့။ဒါကတော့ ဖြေရှင်းရခက်တဲ့ အရာတစ်ခုပဲ။သာယာချမ်းမြေ့တဲ့မိသားစုကို လိုချင်ပါတယ်ဆိုကတည်းက သူနဲ့မှ ကိုယ်က သာယာချမ်းမြေ့နိုင်မှာမို့ သူ့ကို လက်ထပ်ခဲ့တာလို့ပဲဖြေရှင်းတာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ယောကျာ်းတစ်ယောက်ကို ချစ်မိခဲ့တဲ့ စိတ်ကဘယ်လောက်တောင် အဖြေရှာခဲ့ရသလဲဆိုတာတော့ မပြောချင်တော့ပါဘူး ။သေချာတာကတော့ သူက ယောကျာ်းတစ်ယောက် ဖြစ်နေတာက လွဲရင် ကျွန်တော် တစ်သက်လုံး မျှော်လင့်နေတဲ့ အရာကို ပေးနိုင်ခဲ့တယ်။

ပြီးတော့ ကျွန်တော်ကို တော်တော်များများက ထင်ကြတယ်။ပြည့်စုံတဲ့ အမျိုးကောင်းသားတစ်ယောက်လို့။လူထဲက လူတစ်ယောက်ပဲဗျာ ။အရာခပ်သိမ်း ပြီးပြည့်စုံတယ်တော့ ဘယ်ရှိပါ့မလဲ။ပြင်ပအမြင်မှာ ကျွန်တော်က အထင်ကရသူဌေးကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသော မြေး။တစ်ဦးတည်းကျန်တဲ့ မျိုးဆက်။အမွေဆက်ခံသူ။လက်ရှိလည်း လုပ်ငန်းစုတော်တော်များများကို လက်ကိုင်ထားတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက်။အားကျတဲ့သူတော့ အများသားဗျ။ဟုတ်တယ်...ခင်ဗျားတို့ပြောသလို ငွေကို ရေလိုသုံးနိုင်တယ်။ကားထည်လဲစီးနိုင်တယ်။ကောင်းပေ့ညွန့်ပေမှ ကိုယ်ပေါ် တင်တယ်။အစားကောင်းကောင်းစားနိုင်တယ်။ငွေနဲ့ လဲလှယ်လို့ ရသမ်ွ အရာအားလုံး ကျွန်တော် ရယူနိုင်တယ်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now