Ep 16

14.3K 1.7K 41
                                    

" ဟောင်ယွမ် ရှောင်ကျန့်ကိုခေါ်ပီးခုပြန်လာခဲ့တော့"

ရှေ့မှာဝမ်ရိပေါ်ကငုတ်တုတ်ကြီး ဖုန်းပြောနေတာကို
မေးထောက်ပီးမျက်လုံးစိမ်းကြီးတွေနဲ့စိုက်ကြည့်
နေတာ

Speaker ကြီးဖွင့်ထားပါတယ်ဟဲ့ နားနဲ့ပဲနားထောင်
စမ်းပါ မကြည့်နဲ့ ငါလန့်လာပီ !

"ဟမ် မား ဘာဖြစ်လို့လဲ ပါးပါးကဘာပြောလို့လဲ
တစ်ခုခုဖြစ်နေလို့လား"

"မင်းလုပ်ထားတာတွေမင်းသိစမ်း မင်းဘာတွေ
လျှောက်လုပ်နေတာလဲ"

"မားဘာဖြစ်နေတာလဲဗျာ ပြောဆိုတော့လည်းမပြောဘူး"

"ဘာဖြစ်နေတာလဲဆိုတော့ပြန်ပေးဆွဲခံနေရတာ
ဟေးး ပြန်ပေးဆွဲခံနေရတာ
သားလိမ္မာလေးနင့်ကြောင့် ငါ တယ်* "

"ပြန်ပေးဆွံခံရတယ် ?ဘယ်သူကဆွဲတာလဲ"

"နင့်လင်လို့များထင်နေလို့လား ရှောင်ကျန့်လင်ဟေ့
ရှောင်ကျန့်လင်"

ဒီလိုအပြောခံရတာကိုရိပေါ်ကသဘောကျပေမယ့်
ဒီအခြေနေကြီးကိုတော့သူဆက်သည်းမခံနိုင်တော့ဘူး

သူတို့က ငယ်ငယ်ကလိုလူဆိုးလုပ်တမ်းကစားနေကြ
တယ်များထင်နေကြတာလား

သူတွေးနေတာမဆုံးလိုက်ဘူး ဟောင်ယွမ်ရဲ့ရူးရူးရှဲရှဲ
အော်သံနက်နက်ကြီးကဟိန်းခနဲထွက်လာတယ်

"ဝမ်ရိပေါ် !!! ခွေးမသား မင်းဘာလုပ်တာလဲ"

ကြိုက်တယ် ဒါမျိုးဖြစ်နေရမှာ ခုမှအခြေအနေက
ပုံမှန်ပြန်ဖြစ်သွားတော့တယ်

"ရှောင်ကျန့်ဘယ်လိုနေလဲ"
တစ်ကယ်လွှတ်ခနဲမေးလိုက်မိတာ မထိန်းထားနိုင်
တော့လို့ ပါးစပ်ကအလိုလိုထွက်သွားတာ

သူသိချင်တယ် အနည်းဆုံးတော့သူ့အငွေ့အသက်
ပါတာလေးတွေကြားချင်တယ်

ရှောင်ကျန့်အကြောင်းမကြားရတာဘယ်လောက်
ကြာနေပီလဲ

"မင်းငါ့အမေကိုဘာလုပ်ထားတာလဲလို့မေးနေတယ်
လေ"

"ငါကဘာလုပ်ရမှာလဲ ဒီလောက်သိသာနေတာကို
လေကုန်ခံပီးပြောပြနေရဦးမှာလား"

Tracer 85 's  Purple Diary (Completed)Kde žijí příběhy. Začni objevovat