Ep 4

15.3K 1.9K 4
                                    

ရိပေါ်ရဲ့ ခြေထောက်ကကောင်းသွားပီ တစ်ပတ်တောင်မကြာလိုက်ဘူး

အမြဲကြမ်းတမ်းတာတွေချည်းလုပ်နေတဲ့သူဆိုတော့ လူရောစိတ်ရောသိပ်ဒဏ်ခံနိုင်တယ်

ဒီအတောအတွင်းရှောင်ကျန်နဲ့လည်းသူတွေ့ပါတယ်
သူကတွေ့တာပေါ့ အိမ်ထဲကထွက်ပီဆိုတာနဲ့ သူ့အိမ်
ရှေ့အိမ်ရဲ့ခြံထဲက ဒန်းအဖြူလေးပေါ်မှာ
ရှောင်ကျန့်ကစာဖတ်နေတာပဲဖြစ်ဖြစ်
စားပွဲအဖြူလေးပေါ်မှာ laptop တစ်လုံးနဲ့စာရိုက်နေတာပဲဖြစ်ဖြစ်တွေ့ရတယ်

ခရမ်းရောင်ဝတ်တာများပေမယ့်ခရမ်းရောင်ချည်း
ဝတ်တာတော့မဟုတ်ဘူးဆိုတာကိုရိပေါ်သိလာတယ်

ခရမ်းရောင်အပြင်များသောအားဖြင့်အဖြူနဲ့အပြာကိုရှောင်ကျန့်ကဝတ်တတ်တယ်

"အရောင်ရင့်တွေမကြိုက်ဘူးထင်ပါတယ်"
ခပ်ရိုးရိုးပဲတွေးလိုက်တယ်

သူမှာတော့အရောင်ရင့်တွေ ပိန်းပိတ်နေအောင်မှောင်
နေတဲ့အရောင်မျိုးတွေပဲရှိတယ် သူကလဲဒါတွေကိုပဲ
ကြိုက်တယ်

နောက်ပိုင်းတော့ရှောင်ကျန့်ကိုမကြည့်ဖြစ်အောင်နေလိုက်တယ် သူလူတွေကိုစိတ်မဝင်စားချင်ဘူး

လူတွေကိုနည်းနည်းလောက်တောင်အရေးတယူ
လုပ်မနေချင်တော့ဘူး

သုံးပတ်မြောက်တဲ့နေ့ရဲ့ညမှာ လူခေါ်ခေါင်းလောင်း
လေးကထပ်မြည်လာတယ် ရိပေါ်သွားကြည့်တော့
ဒီလူပါပဲ

ဒီတစ်ခါဘာဖြစ်ပြန်ပီလဲဆိုပီးစိတ်ရှုပ်ရှုပ်နဲ့ရိပေါ်က
သေချာစိုက်ကြည့်လိုက်တော့ အဲ့ဒီရှောင်ကျန့်ကခါ
တိုင်းလိုပြုံးမနေဘူး

အိမ်အပြင်ကနည်းနည်းမှောင်နေလို့သိပ်မသေချာပေ
မယ့်သူ့မျက်လုံးတွေလက်ခနဲဖြစ်နေတာကိုရိပေါ်မြင်ရတယ်

သူခုထိရှောင်ကျန့်ဘာဖြစ်နေလဲမသိသေးဘူနောက်
သေချာထပ်ကြည့်တော့မှရှောင်ကျန့်ကတုန်နေတာ
တဆတ်ဆတ်ကိုတုန်နေတာ

ရိပေါ်ကသူ့ခြံတံခါးကိုဆွဲဖွင့်ပစ်တယ်

"ဘာဖြစ်နေတာလဲ"

"ရိပေါ် အိမ် အိမ်ထဲမှာလူ လူရောက်နေတယ်"

ရိပေါ်ကအိမ်ထဲက တွေ့ရာတုတ်ကိုဆွဲယူလာပီး
ရှောင်ကျန့်ခြံထဲကိုရှေ့ကနေပြေးဝင်သွားတယ်

Tracer 85 's  Purple Diary (Completed)Where stories live. Discover now