Ep 2

18.4K 2K 5
                                    

ပြုံးပြနေတဲ့အဲ့ဒီလူကိုကြည့်ပီး သူ့မျက်မှောင်တွေကို
အဆုံးထိ ကျုံ့ပစ်လိုက်တယ်

သူကအကြောင်းပြချက်မရှိကြည်လင်ပြနေတဲ့သူတွေနဲ့မဆက်ဆံချင်ဘူး

ဘာလဲဆိုတဲ့ပုံစံနဲ့စိုက်ကြည့်နေလိုက်တော့ ခရမ်းရှောင်လက်ရှည်ရှပ်အင်္ကျီကိုခေါက်တင်ထားတဲ့လက်ထဲကပန်းကန်ကိုရှေ့ထိုးပြတယ်

"ဒီရှေ့ကအိမ်ကိုပြောင်းလာတာပါ အဲ့တာ
အိမ်နီးချင်းတွေကို မုန့်လိုက်ပေးနေတာ"

"မလိုဘူး"

ဒီတစ်ခွန်းပဲပြောပီးအိမ်ထဲပြန်ဝင်လာလိုက်တယ်မသိတဲ့သူတွေကို ဒီလိုမုန့်တွေလိုက်ပေးရတာပျော်စရာ
ကောင်းတာလား သူနားကိုမလည်နိုင်ဘူး

သူ့အပြုမူကြောင့်အနည်းဆုံးတော့ပြန်အဆဲခံရပီ
ထင်ခဲ့တာအိမ်ထဲကနေတစ်ချက်လှမ်းကြည့်မိတော့
အဲ့ဒီသူကခပ်ပြုံးပြုံးပဲလှည့်ထွက်သွားတာတဲ့လေ

သူလူတွေကိုနားမလည်နိုင်ဘူးအဲ့တာကြောင့်ပဲ လူတွေကလည်းသူ့ကိုနားမလည်တာ

အဲ့ဒီနေ့ကလူပြောင်းလာတယ်ဆိုတဲ့အိမ်ရှေ့အိမ်ကို
သတိထားကြည့်မိတယ် စိတ်ရှုပ်စရာလူတွေရောက်လာရင်ချက်ချင်းထွက်သွားပစ်မလို့

ထူးထူးဆန်းဆန်းပါပဲ သူ့အိမ်ရှေ့အိမ်ကလည်းသူ့အိမ်လိုပဲလူရှိတယ်လို့မထင်ရလောက်အောင်တိတ်တိတ်
ဆိတ်ဆိတ်

ဒါကသူ့ကိုစိတ်သက်သာရာရစေတယ်

နေ့ရက်တွေကပုံမှန်ပဲလူခေါ်ခေါင်းလောင်းကိုတီးမယ့်သူလည်းရှိမလာတော့ဘူး

စကိတ်ကိုကောက်ဆွဲပီး အပြင်ထွက်လာတာ၂နာရီနီးပါးရှိပီ သူဒီတစ်ကွက်ကိုဘယ်လောက်လေ့ကျင့်ကျင့်မရနိုင်သေးဘူး

ရိပေါ်ချွေးတွေပါပျံလာတယ် နောက်ပီး ဘဲလ်သံတစ်ခုကိုထပ်ကြားရပြန်တယ်

"အားး ဖယ် ဖယ် ငါ့ရှေ့က ငါ ငါ တိုက်မိတော့မှာ"

တစ်ကယ်လည်း သူ့ကိုတိုက်မိသွားတာပါပဲ ဖယ်လို့
ပြောနေပေမယ့်ရှောင်ချိန်မရလောက်အောင်အကွာအဝေးကနီးပီးနေပီ

Tracer 85 's  Purple Diary (Completed)Where stories live. Discover now