Ep 12

13.9K 1.8K 6
                                    

မနက်အိပ်ယာနိုးတဲ့အခါဆိုဖာပေါ်ငုတ်တုတ်ထထိုင်
မိတဲ့ရိပေါ်က ထူးထူးခြားခြားကြည်လင်နေခဲ့တယ်

မနေ့ကသူ့စိတ်တွေပင်ပင်ပန်းပန်းနဲ့အိပ်ပျော်သွားခဲ့
တာတောင် ခုသူကအရမ်းပေါ့ပါးနေတယ်

အရင်ကလို အစွန်းတစ်ခုခုမှာစုံရပ်နေရတဲ့ ယိုင်နဲ့နဲ့
ခံစားချက်မျိုးတွေ မရှိတော့သလိုပဲ

နောက် ရိပေါ်ကတစ်ခုခုကိုသတိရသွားပီး ချက်ချင်း
စက္ကူသေတ္တာလေးဆီကို လက်လှမ်းတယ်

WTF !

သူအကျယ်ကြီးထအော်မိတယ် .

အထဲမှာ Tracer 85 ရဲ့ပစ္စည်းလေးတွေက စုံစိလို့
ဒါတင်မကဘူး ဝမ်ရိပေါ် ရဲ့ပုံတွေရော

ပစ္စည်းတစ်ခုချင်းစီမှာ date ကလေးတွေနဲ့ ပုံစံကြည့်ရတာရှောင်ကျန့်ပေကျင်းကိုရောက်ပီးမှ
စုထားတဲ့ပစ္စည်းတွေဖြစ်ပုံရတယ်

Tracer 85 logo ပါတဲ့ official goods တွေက
အစုံအလင်ပဲ  "သူ့ထက်4နှစ်ကြီးတယ်ဆိုတဲ့ရှောင်ကျန့်အသက်က
27 နှစ်ဆိုတာဟုတ်ရောဟုတ်ရဲ့လား"
သူတစ်ကယ်ဖြစ်ညှုစ်ပစ်ချင်နေပီ

နောက်ရိပေါ်အိမ်ကိုရူထောင့်အမျိုးမျိုးကနေရိုက်
ထားတဲ့ပုံကိုလည်းတွေ့တယ်

သူ စကိတ်ကိုကိုင်ထားပီးအိမ်ထဲကထွက်လာတဲ့
ပုံတွေလည်းရှိတယ်

ကွတ်ကီးပန်ကန်းပုံလေးလည်းရှိသေးတယ် သေချာ
ပေါက် သူ့ကိုလာပေးဖူးတဲ့ကွတ်ကီးပန်းကန်လေးပေါ့

WTF !

သူဒုတိယတစ်ခေါက် WTF ရတယ်

ဒါက သူနဲ့ Nike collaborate လုပ်ထားတဲ့ Headband ပဲ ! ဒါက 10ခုပဲထုတ်တာ !

ဒါကိုဝယ်တဲ့သူစာရင်းထဲမှာ ရှောင်ကျန့်နမည်မပါဘူး
လေ

ဝယ်တဲ့သူတွေကလည်း သူတို့နယ်ပယ်ထဲကသူတွေနဲ့ လက်သွက်တဲ့ကောင်မလေးတစ်ချို့ပဲ
ဘယ်လိုလုပ်ပီး ...?

"အင်းလေ ဒါပေါ့ သေချာပေါက်ရှောင်ကျန့်ကသူ့
နမည်ရင်းကိုသုံးစရာလား" ရိပေါ်ချက်ချင်းခန့်မှန်းမိသွားတယ်

နမည်ကြီးကဗျာဆရာလေးက ဝမ်ရိပေါ်ရဲ့ 10 ခုပဲ
ထုတ်တဲ့ limited edition Headband ကြီးဝယ်တာကိုလူသိခံလို့ဘယ်ဖြစ်ပါ့မလဲ

Tracer 85 's  Purple Diary (Completed)Where stories live. Discover now