Ep 9

14K 1.7K 6
                                    

သူ့ စိတ်သူငြိမ်အောင်ထိန်းပီး ကွတ်ကီးပန်ကန်လေး
ရှေ့ထိုးပြတော့မလိုဘူးတစ်ခွန်းပြောပီးလှည့်ထွက်
သွားတဲ့ကောင်ငယ်လေး

စိတ်ရှုပ်သွားပီထင်ပါတယ် တစ်ကယ်ဆိုသူကနည်း
နည်းလောက်ထပ်စောင့်ပီးမှသွားလိုက်သင့်တာကို

ရှောင်ကျန့်က ရက်နည်းနည်းလောက်ကြာတဲ့အထိ
ရိပေါ်နဲ့မျက်နှာချင်းမဆိုင်မိအောင်သူ့ကိုယ်သူကြိုးစားနေခိုင်းတယ်

ခဏခဏမျက်စိနောက်အောင်လုပ်လို့မဖြစ်ဘူးမလား

တစ်ခါတစ်ခါ ဖြတ်ခနဲမြင်ရတဲ့မျက်နှာလေးနဲ့ပဲ
သူကရောင့်ရဲတယ်

ဒီလောက်နှစ်တွေအများကြီးမှာတောင် ဝမ်ရိပေါ်ဆိုတဲ့ဖြစ်တည်မှုတစ်ခုနဲ့တင် အရာရာကိုရောင့်ရဲခဲ့ပီးပီ

ခုဆိုရိပေါ်ကသူ့နီးနီးနားနားလေးမှာအသက်ရှင်နေ
တာ ဒါကိုသူမရောင့်ရဲနိုင်စရာအကြောင်းရှိပါ့မလား

ဒါပေမယ့်နေ့တစ်နေ့ရဲ့သုံးပုံနှစ်ပုံလောက်ကို နေပူခံပီး
ခြံထဲထွက်ထိုင်နေတတ်တယ်ဆိုတာ အလကား
အပျင်းပြေတော့ဘယ်ဟုတ်ပါ့မလဲ ရလေလိုလေ
အိုတစ္ဆေဆိုတဲ့ လူ့လောဘလေးကြောင့်

ကဗျာရေးမယ်ကဗျာရေးမယ်ဆိုတာကိုအကြောင်းပြပီးထွက်ထွက်ထိုင်နေတာ ရိပေါ်ထွက်လာတဲ့အချိန်နဲ့လွဲသွားရင်ဆိုတဲ့စိတ်နဲ့ ဖြတ်ခနဲမြင်ရမယ့်မျက်နှာလေးကိုမတွေ့လိုက်ရင်ဆိုတဲ့စိတ်နဲ့

ဒုတိယတစ်ခေါက်ဆုံတာကတော့ရှောင်ကျန့်အသုံးမကျတာပါ

စကိတ်ထွက်စီးတဲ့ရိပေါ်ကို တိတ်တိတ်လေး
လိုက်ကြည့်ချင်တာနဲ့ ဝယ်ထားတာလည်းမကြာသေး
တစ်ခါမှလည်းမစီးရသေးတဲ့စက်ဘီးလေးကို
တက်ခွပီး နောက်ကလိုက်ခဲ့တာ

ပြဿနာက သူစကိတ်တစ်စီးနဲ့ဝမ်ရိပေါ်နောက်ကို
လမ်းလျှောက်ပီးလည်းပြေးမလိုက်နိုင်သလို စက်ဘီး
ကလည်းမစီးတာကြာတော့ ကောင်းကောင်းမစီး
တတ်တော့တာပဲ

ဘာပဲဖြစ်ဖြစ်သူလုပ်နိုင်ပါတယ်လေဆိုပီး
ရှောင်ကျန့်ကအပီအပြင် ကြွေးကြော်တယ်

ပီးတော့ ဝမ်ရိပေါ်ကိုစက်ဘီးနဲ့ဝင်တိုက်ပစ်လိုက်တယ်

သူလည်းလဲသွားပေးမယ့်ထတော့ထနိုင်သေးတယ်
အင်း အတိုက်ခံရတာသူမှမဟုတ်တာ

Tracer 85 's  Purple Diary (Completed)Where stories live. Discover now