Ep 14

14.2K 1.7K 20
                                    

ကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုအသည်းအသန်ရှာနေတယ်

ကောင်လေးတစ်ယောက်ကလည်းဒါဟာအလုပ်ဖြစ်မှာမဟုတ်တဲ့အကြောင်း အော်ပြောချင်နေတယ်

နှစ်ယောက်လုံးမွန်းမွန်းကြပ်ကြပ်ပါပဲ

ပြန်လိုက်ခဲ့ ဆိုပီးရှောင်ကျန့်ကိုခေါ်လာတဲ့နေရာက
Chicago မှာရှိတဲ့အရင်အိမ်ကိုမဟုတ်ခဲ့ဘူး

ဟောင်ယွမ်ဝယ်ထားတဲ့အိမ်လို့သိရတယ် Californiaမှာဆိုတာကိုတော့လေယာဉ်စီးလာလို့သိရပေမယ့်နေရာအတိအကျကိုသူမသိဘူး

ဖုန်းမှာရှာကြည့်တော့ Solvang ဆိုတဲ့မြို့လေး
သူအရင်ကဒီမြို့အကြောင်းကိုကြားဖူးတယ် Californiaရဲ့ tourist attraction တစ်ခုပဲ

ဘေးပတ်ပတ်လည်က ချစ်စရာအိမ်လေးတွေနဲ့
ပုံစံတွေကခပ်ဆင်ဆင်ပဲ

ဟောင်ယွမ့်အိမ်ကလည်းချစ်စရာလေးဒါပေမယ့်သူအဝါရောင်တွေမကြိုက်ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟောင်ယွမ့်အိမ်ကလည်းချစ်စရာလေး
ဒါပေမယ့်သူအဝါရောင်တွေမကြိုက်ဘူး

ရှောင်ကျန့်ကမနေချင်ဘူးလို့လည်းမငြင်းဘူး
ထွက်ပြေးဖို့လည်း မကြိုးစားဘူးဘာဆိုဘာမှအထွန့်
မတက်ခဲ့ဘူး

ဟောင်ယွမ်ကသူ့ကိုဒီအိမ်ခေါ်လာတာကလွဲပီး စည်း
ထပ်မကျော်လာဘူး အိမ်ပြင်ကိုသူမပါဘဲပေးမထွက်တာကလွဲရင် ကျန်တာအကုန်လိုလေသေးမရှိပါဘဲ
သူကတော့ဘာမှမလိုပေမယ့်

ရှောင်ကျန့်က အဆိုးဆုံးထိတွေးထားပီးသားလူမို့
ဖြစ်လာသမျှလက်ခံလိုက်ဖို့အသင့်ပဲ ဘာနောင်တမှ
ရနေမှာမဟုတ်ဘူး

ရိပေါ် သူ့ကိုလိုက်ရှာနေမှန်းသိတော့ဟောင်ယွမ်
ကပြောလာတယ်

"ခင်ဗျားကိုဒီမှာပဲဖွက်ထားမှာ
ကျွန်တော်အသက်ရှင်နေသ၍"

Tracer 85 's  Purple Diary (Completed)Where stories live. Discover now