ဒီလိုကောလဟာတွေကို ကြားပြီးတဲ့နောက် လူတိုင်းက သီကျွင်းရဲ့သတို့သမီးငယ်လေးကို မြင်ဖူးချင်နေကြတာပေါ့။ အဲ့ဒီထက်ပိုပြီးသိချင်တာက သီကျွင်း ဘာလို့သူမကို ပျောက်သွားခဲ့ရတာလဲဆိုတဲ့အကြောင်းပါပဲ။ သို့သော်လဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းမလို့ အချင်းချင်းတိုးတိုးတိတ်တိတ်ပဲပြောရဲကြတာ။ ဘယ်သူမှ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုပြောခြင်းရဲ့အကျိုးဆက်ကို မခံရဲကြဘူးလေ။ သူတို့ကြားတာတော့ ထိုမိန်းမငယ်လေးပျောက်သွားပြီးတဲ့နောက် ချင်းချူနဲ့ထိုက်ချန်နန်းတော်နဲ့ကြားက ဆက်ဆံရေးဟာ အတော်လေးတင်းမာသွားခဲ့တယ်ဆိုတာပါပဲ။ သူ့ရဲ့ဇနီးပျောက်သွားတဲ့သီကျွင်းက လွန်ခဲ့တဲ့နှစ် ၂၀၀ လုံးလုံး တစ်လောကလုံးကိုစောက်ထိုးမိုးမျှော် မြေလှန်ပြီး သူမလေးကိုလိုက်ရှာနေပေမယ့် ပိုင်မိသားစုကတော့ အဲ့ဒါနဲ့ဆန့်ကျင်ဘက် သူတို့ရဲ့ပျောက်သွားတဲ့ကလေးနဲ့ပတ်သက်ပြီး ဘာဆိုဘာမှလုပ်ခဲ့ဘူးတဲ့။

ရင်းနှီးဖော်ရွေလှတဲ့ နတ်ဘုရားမပိုင်ချန်းကတော့ စကားလက်ဆုံပြောရတာလွယ်ပါတယ်။ လက်ဖက်ရည်အတူသောက်စဉ် စီမင်း ဒီအကြောင်းကို မေးကြည့်တဲ့အခါ ပိုင်ချန်း အံ့သြစွာနဲ့ သူမယပ်တောင်ကိုပုတ်ပါလေတယ် "ပျောက်နေတယ်? ပိုင်မိသားစုက မိန်းမပျိုလေးတွေက အတွေ့အကြုံရအောင် အိမ်ကအမြဲထွက်သွားလေ့ရှိတာ ဒီလောက်ပါပဲ ငါဒီလိုကောလဟာလမျိုးကို တစ်ခါမှမကြားဖူးပါဘူး ဘယ်သူကများ ဒါကိုဖြန့်ခဲ့ပါလိမ့်? တကယ်ပဲ.. ဖြန့်ချင်းဖြန့် မှန်တဲ့သတင်းကိုဖြန့်ရောပေါ့!"

Page-434

စီမင်း ရိုသေစွာထပ်ပြီးဘာမှမမေးသေးခင် တုံ့ဆိုင်းလို့နေတယ် "ဒါဆို ဒီလိုလေ့ကျင့်မှုအတွက် အရှင်မဖုန်းကျို ဘယ်ကိုထွက်သွားလဲဆိုတာကို ကျွန်တော့်ကိုပေးသိလို့ရမလား?"

ပိုင်ချန်း ယပ်တောင်ကိုဖွင့်ကာ ရယ်လေတယ် "ကျွန်မတို့ပိုင်မိသားစုရဲ့ကလေးတွေက အချုပ်အချယ်အကန့်အသတ်မရှိဘဲ ကြီးပြင်းလာခဲ့ကြတာ သူမသွားချင်တဲ့နေရာသွားမှာပေါ့ သူမကို ကြိုးနဲ့ချည်ထားတာမှမဟုတ်တာ မင်းအတွက်ငါ့မှာ ဖြေစရာစကားမရှိမှာအားတော့နာပါရဲ့"

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWo Geschichten leben. Entdecke jetzt