"ကိုယ်ဝန်ဆောင်ရင် ဒီလိုဖြစ်မှာပဲလေ"

"ဒါပေမဲ့ Jungkookက ငါဝလာလို့ဂရုမစိုက်တော့ရင် ဘယ်လိုလုပ်မလဲ"

ဆက်ပြီးဆူငေါက်ရန်ပြင်နေတဲ့ Jungkookအတွေးတွေအကုန်လုံး နှုတ်ခမ်းဖျားမှာပင် ပျောက်ဆုံးသွားသည်။ အာ သေတော့မှာပဲ ဒီလုံးလုံးလေးနဲ့တော့ ငါအရင်သေမှာပဲ။

"ဟင် လို့"

ကြာတော့ Jungkook မျက်ဖြူစိုက်ချင်လာပြီ။ ဒီလိုပဲ ကိုယ်ဝန်ဆောင်တဲ့သူမှန်သမျှက အကြောင်းအရာပိစိလေးတွေနဲ့လည်း ငိုတတ်ကြတာပဲလား။ အကုန်လုံးက နေ့ရက်တိုင်း သူ့ကိုအနားမရအောင်လုပ်တတ်တဲ့ Park Jiminလိုမျိုး ဆိုးကြတာပဲလား။

"မဝပါဘူး ပိုတောင်ကြည့်ကောင်းသေးတယ်"

"တကယ်လား"

"တကယ်"

အောင်မလေး ရုပ်ကချက်ချင်းကိုပြောင်းသွားတာပါလား။ ပြချင်လိုက်တာနော် ပြချင်လိုက်တာ။ စောစောက ငိုယိုနေတာ သူမဟုတ်တဲ့အတိုင်းပဲ ပြုံးလို့ပျော်လို့။

"ဒါတွေကရော ဘာတွေလဲ"

ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့အဝတ်အစားတွေ။ Jungkook တစ်ထည်ချင်းလိုက်ကောက်ရင်းက အသက်တိုရပြန်သည်။

"ငါ့အင်္ကျီတွေကမတော်ချင်တော့ဘူး Jungkookဟာပဲဝတ်မယ်နော်"

ခွင့်တောင်းတာကနောက်မှ လောလောဆယ် သူကောက်စွပ်ထားတာကိုက Jungkookရဲ့ခပ်ကြီးကြီးအင်္ကျီကြီးနဲ့ဘောင်းဘီကြီး။ ထိုမက်မွန်လုံးပါလာတဲ့အဝတ်တွေက ပြောသလောက် အရမ်းသေးနေတာလည်းမဟုတ်ပါဘဲ သူ့ရဲ့မတော်တရော်ကြီးတွေ ကောက်ကောက်ဝတ်နေတာ ဘယ်လိုမှတားမရပြုမရ။

ခုတော့ ဖွထားသမျှအဝတ်တွေအကုန် သူကပဲလိုက်ကောက်နေရပြီမလား။ ဒီတစ်ယောက်နဲ့ကျမှ သူ့အစွယ်တွေလည်းကျိုး မလုပ်ဖူးတာတွေလည်းလုပ်နေရသည်။ အကျိုးမပေးတဲ့ အဆိုးအသွမ်းလေး။

အဝတ်တွေကောက်သွားပြီးလို့ အပြင်ပြန်ထွက်ရန်ပြင်တုန်းရှိသေးသည်။ ဘယ်ချိန်ကယူထားမှန်းမသိတဲ့ ကားသော့ကို သူ့လက်ထဲလာထည့်ပြန်သည်။

"ဘာဖြစ်ချင်ပြန်ပြီလဲ"

"မုန့်သွားစားမယ်လေ"

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Dove le storie prendono vita. Scoprilo ora