အဟက် ... သေချာ စဉ်းစားကြည့်ရင် ကျွန်တော်က
တကယ်ပဲတုံးခဲ့တာပဲနော် ။ စဉ်းစားတွေးတောဉာဏ်
မဲ့ခဲ့တဲ့အပြင်ရယ်စရာကောင်းအောင်ကိုယ့်ခံစားချက်
ကိုတောင်ကိုယ်သေချာသိအောင် မကြိုးစားခဲ့တဲ့ အ
ရူးတစ်ယောက်ပဲ ။

ကိုယ်မင်းကိုအရမ်းလွမ်းတယ် ဟွန်းငယ် ။

ကျေးဇူးပြုပြီး ဒီလောက်နဲ့ပဲတော်ပြီး ကိုယ့်ဆီကို
ပြန်လာခဲ့လို့မရဘူးလား ။

ကိုယ့်ကို ဘယ်အချိန်အထိအပြစ်ပေးတဲ့အနေနဲ့ ပုန်း
နေဦးမှာလဲ ။ ကိုယ့်ကို ဟွန်းငယ်က နှလုံးသားမရှိပဲ
အသက်ရှင်ခိုင်းမလို့များ စဉ်းစားထားတာလား ။

ဟွန်းငယ် ဘယ်ကိုရောက်နေပြီး ။ ဘာတွေများလုပ်
လို့နေမလဲဆိုတာ ကိုယ်အရမ်းသိချင်တာပဲ ။

အဆင်ပြေရဲ့လား ။ နေကောင်းရဲ့လား ။ ဒေါ်လေး
မင်ရီကိုသတိရပြီးငိုနေမလား ။

ကိုယ် တကယ်ကို ဟွန်းငယ်ရဲ့အကြောင်းတွေကို
အချိန်ပြည့်တွေးမိပြီး စိုးရိမ်စိတ်တွေနဲ့ပူပန်ပြီးဗျာ
များများနေမိတာနေ့ရက်တိုင်းလိုလိုပဲ ။

ဘယ်သူသိနိုင်မလား ။ ကိုယ် ဟွန်းငယ်ကိုလွမ်းလို့
အိပ်မပျော်ခဲ့တဲ့ညတွေရက်ဆက်လွန်းလို့ အခုဆိုရင်
လက်ချိုးရေလို့တောင် မပြီးဆုံးနိုင်တော့ဘူး ။

ကိုယ်သတိရနေမိတုန်းပဲ ။ ကိုယ့်အနောက်ကိုလှည့်
ကြည့်လိုက်တိုင်း အမြဲတွေ့မြင်ရတဲ့ မင်းအပြုံးလေး
တွေ ။ အစဉ်အမြဲ ကြားရတဲ့ ရယ်သံစွပ်တဲ့ ကိုယ့်ကို
မင်း 'ကိုကို'လို့ ခေါ်တဲ့ ခေါ်သံလေးတွေ ။

တမ်းတလွမ်းဆွတ်ရလွန်းလို့ ကိုယ့်မှာ အခုဆို အလွမ်း
ဆိုတဲ့ အရိပ်မည်းကြီးရဲ့ ဖုံးလွှမ်းကပ်ငြိခြင်းကိုခံနေရပြီး
အလွမ်းဝေဒနာကို ရင်နဲ့မချီမဆံ့ ခံစားနေရပြီ ဟွန်းငယ် ။

" ကိုကိုက ဒီရောက်နေတာကို "

ခေါ်ဆိုတဲ့နာမ်စားချင်းတူပေမယ့် ကြားရတဲ့ခေါ်သံလေး
ကွဲပြားမှုနှင့်အသိကြောင့် အလွမ်းတို့ကို တစ်ခန်းရပ်ကာ
အနောက်ကိုလှည့်ကြည့်လိုက်တော့အခန်းဝတွင်ကျောင်း
စာအုပ်တွေထည့်ထားတဲ့ ဖိုင်တွဲလေးကိုရင်ဝယ်ပိုက်ကာ
အပြုံးလေးတွေနဲ့ခြေစုံရပ်နေသော ယောင်းလေး ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 حيث تعيش القصص. اكتشف الآن