"ဟုတ်ကဲ့ အဲ့ဒါဆို မနက်ဖြန်တွေ့ကြမယ်"

"အချစ်ဆုံး"

"ဗျာ"

"ချစ်တယ်"

"ကျွန်တော်ရောပဲ"

"ချစ်တယ်လို့ပြောကွာ"

"ချစ်တယ် ဒါပဲနော် ကျွန်တော် စာဆက်တွက်လိုက်ဦးမယ်"

End callနှိပ်လိုက်ပြီပေမယ့် လက်ထဲက ဖုန်းလေးကိုကြည့်ပြီး ပြုံးမိသည်...

ပြီးတော့ အတွေးတွေကိုရပ်လိုက်ပြီး စာဆီသာ အာရုံစိုက်လိုက်တော့သည်...

Next Day•••

ဟန်မြစ်ကိုသွားချင်ပါတယ်ဆိုတဲ့ KyungSooရဲ့တောင်းဆိုမှုအရ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးdateလေးမှာ ဟန်မြစ်ကိုဦးတည်ပြီး ရောက်လာကြသည်...

KyungSooက ထိုင်လိုက်လာတဲ့သူမို့ ဆိုင်ကယ်ပေါ်ကအရင်ဆင်းလိုက်ပြီး မြစ်ရေပြင်ကို ခပ်ပြုံးပြုံးလေး ကြည့်လို့...

ဆိုင်ကယ်ကိုရပ်အပြီး KyungSooဘေးနား ရောက်လာတဲ့ JongInကတော့ KyungSooမျက်နှာကိုပဲ တမေ့တမော ငေးကြည့်နေလေရဲ့...

ငါးမိနစ်လောက်ကြာတဲ့အထိ အဲ့ဒီအတိုင်းရှိနေတဲ့ JongInကြောင့် စိတ်ထဲကနေတွေးလိုက်မိတယ်...

လည်ပင်ကြီးစောင်းပြီး KyungSooကိုပဲကြည့်နေတာ မညောင်းဘူးလားမသိဘူး...

ခဏကြာတော့ KyungSooအား အနောက်ကနေသိုင်းဖက်လာသည့်သူ...

"ကိုယ့်ဘာသာကိုယ်ရပ်နေလေ "

အခုမှ ချစ်သူတွေဆိုတဲ့ ဆက်ဆံရေးကိုစတင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကြား ရှက်စိတ်ကြောင့် ခါးပေါ်ကလက်ကိုမသိမသာဖြုတ်ချတော့ KyungSooလက်နှစ်ဖက်ကိုပါ သိမ်းကျုံးပြီး ခပ်ဖွဖွဖက်ပစ်လိုက်လေရဲ့...
အခုတော့ JongInရင်ခွင်ထဲမှာ အံဝင်ခွင်ကျနဲ့...

ရှက်စိတ်ရှိပေမယ့် KyungSooလည်း ဒီအနေအထားကို နှစ်သက်တာကြောင့် သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေလိုက်တယ်...
ဘာပဲနေနေ စီနီယာနဲ့မျက်နှာချင်းဆိုင်မှ မဟုတ်တာ XD

တစ်ဆက်တည်း သူတို့နှစ်ယောက်ရဲ့ relationshipကြားက ကိစ္စတစ်ချို့က KyungSooခေါင်းထဲဝင်လာတယ်...

Obviate Difficulties By LoveWhere stories live. Discover now