အခန်း (၇) ရှရီဟုမ်း (After Arc-1)

22.2K 1.5K 68
                                    

" တကယ်တော့ ကိုယ့်အဖွားရဲ့ကိုယ်စား ဒီကိုလာခဲ့တာပါ " Devon ကဆိုလိုက်၏။

Sheri ၏ စိတ်တွင် ထိုစကားကအတန်ငယ် ရှုပ်ထွေးစေသည်မို့ သူမမျက်နှာတွင် အထင်သားပေါ်လာလေသည်။ သူမ၏ မျက်နှာကို မလွတ်တမ်းကြည့်နေသော Devon Goori က ထိုအမူအယာလေးကို ဖမ်းမိလိုက်သဖြင့်....

" လွန်ခဲ့တဲ့လအနည်းငယ်က မစ္စရှရီက ကျွန်တော့်အဘွားတော်ရဲ့ လက်ကိုင်အိတ် လုပြေးခံရတာကို ကူညီပေးခဲ့တယ်လေ၊ အဲ့ဒီအချိန်ကတည်းက အဘွားတော်ကလူကိုယ်တိုင် ကျေးဇူးတင်ဖို့ဆန္ဒရှိနေခဲ့တာပါ၊ သို့ပေမဲ့ကြားထဲမှာ ကူညီတဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်းနေရတာရယ်၊ ရုတ်တရက် အဘွားတော်က မတော်တဆမှုသေးသေးလေးဖြစ်ခဲ့တာကြောင့် လာတွေ့ဖို့အချိန်ပိုကြာသွားခဲ့ပါတယ်၊ အဘွားတော်က မစ္စရှရီက Hoal မိသားစုကဆိုတာသိပြီး အကျိုးတူပူးပေါင်းဆောင်ရွက်စေချင်ခဲ့ပါတယ်၊ အဲ့ဒီအတွက် ဒီကနေ့ ကျွန်တော်ရောက်လာတာပါ "

Devon က အမှန်တဝက် ၊ မုသားတဝက် ရောကာရှင်းပြလိုက်၏။ သူမကို သူအမှုမဲ့အမှတ်မဲ့ စတင်သိနေခဲ့ကြောင်းကိုတော့ သူမပြောလိုပါ။ သူ့အဘွားတော်၏ အတွင်းရေးမှူးက ဖြစ်ရပ်ကိုသတင်းပို့ပြီး ထိုနေ့ကဆိုင်ရှေ့ဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖိုင်ကို သူအထပ်ထပ်ကြည့်ခဲ့မိကြောင်းကိုလည်း ဝန်မခံလိုချေ။ သူမ၏ ကန်လိုက်သော ခြေထောက်လေးများ၊ ကွဲနေတဲ့စကတ်လေးနဲ့ လမ်းလျှောက်ထွက်သွားပုံတွေ သူအလွတ်တောင်ရနေခဲ့ပြီ။ မနေ့ညက ပါတီတွင်သူက သူမကိုနူတ်ဆက်၍ သူ့ကိုယ်သူမိတ်ဆက်ဖို့ စီစဉ်ထားခဲ့သော်လည်း လွဲချော်ခဲ့ရလေသည်။

အခြားတဖက်က ရှရီမှာတော့ သူမ၏ ထိုကူညီမိသည့် လုပ်ရပ်အပေါ် နောင်တတွေရနေခဲ့ပြီဖြစ်သည်။
' {သေစမ်း..ဒီလူ့အဖွားမှန်းသိရင် ငါကူညီခဲ့မှာ မဟုတ်ဘူး၊ သူတို့မျက်စိထဲ မဝင်စေချင်ပါဘူးဆိုမှ ၊ ငါ့နှယ် ..နော်}'

သူမကိုယ်သူမ ထိုလုပ်ရပ်အတွက် ဒေါသထွက်ကာ စိတ်ဖိစီးနေခဲ့ပြီး ခံစားချက်ကို မျက်နှာတွင်မပေါ်စေရန် ဖုံးကွယ်ထားလိုက်ဖို့ ကြိုးစားလိုက်၏။

🎉 You've finished reading 1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး) 🎉
1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး)Where stories live. Discover now