အခန်း (၂) လူးဝစ်ဗန်ဟေး

20.6K 1.9K 21
                                    

"ဒေါက် ဒေါက်"

သူမရဲ့အခန်းတံခါးမှအသံထွက်လာသည်။ Sheri သူမရဲ့မှတ်ဉာဏ်အတွေးတွေကိုထဲမှ စိတ်ရှုပ်ထွေးစွာရုန်းထွက်လိုက်ရင်း မူလခန္ဓာကိုယ်ပိုင်ရှင်ပြောသည့်နည်းအတိုင်း လှမ်းပြောလိုက်တယ်။

"ဝင်ခဲ့"

ပြောပြီးဝင်လာသော အစေခံအားစောင့်ကြည့်နေလိုက်သည်။ အစေခံမှာအင်မတန်ကြောက်ရွံ့ နေသည့်အသံဖြင့် ......

"Miss ညနေ ၄ နာရီကျရင် Sir ကလာခေါ်မယ်လို့ ပြောပါတယ်"

အစေခံလေးမှာသူမဆီမှ ပြောလာသံကို ရင်တထိတ်ထိတ်ဖြင့်စောင့်နေသော်ငြား ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် Sheri မျက်နှာအားမော့ကြည့်လာပြီးနောက် ထိတ်လန့်တကြားဖြစ်သွားလေသည်။

အိမ်တော်တစ်ခုလုံးနားလည်သိရှိထားသည်မှာ သူတို့သခင်မသည်နားလည်ရအခက်ဆုံး၊ စိတ်ဒေါသအကြီးဆုံးဖြစ်လေသည်။ သူမစိတ်မကြည်လျှင်ကြိမ်လုံးနှင့် အစေခံတွေကို ရိုက်နှက်တယ်၊ တခါတရံ ပျင်းရိလာလျှင် သူမမျက်စိထဲမတိုးသည့် အစေခံအား အလုပ်ဖြုတ်တာတွေ လုပ်တတ်သူမို့ အားလုံးကသူမနှင့်စကားပြောရမည်ပင်ထိတ်လန့် တုန်လှုပ်တတ်နေရလေသည်။ လက်ရှိအစေခံများသည် သူမခင်ပွန်းမှ လစာ ၂ ဆ ပေး၍ခန့်အပ်ထားရသူများဖြစ်သည်။

T/N: [ကြောက်လို့လုပ်သူမရှိလို့ အလုပ်လုပ်မယ့်အစေခံကို လစာ၂ ဆ ပေးခန့်ထားရတာလို့ ပြောချင်တာပါ]

အမှန်တော့ Sheri မှာ ခန္ဓာပြောင်းလက်ခံပြီးနောက် သူမ၏ရှုပ်ထွေးနောက်ကျိနေသာစိတ်ကို တည်ငြိမ်အောင်အသည်းအသန်ကြိုးစားနေရခြင်းမို့ ချက်ချင်းစကားမပြန်နိုင်ခြင်းပင်။ လတ်တလောဖြစ်ပျက်လာသမျှအား တစ်ခုစီခွဲထုတ်အပြီး မူလပိုင်ရှင်အပါအဝင် သူမ၏ အနီးကပ်ရောက်ရှိလာသော ကိစ္စရပ်များကိုဖြေရှင်းနိုင်ရန်စဉ်းစားရန်အချိန်မလောက်မှုတို့ကို စိတ်တိုနေလေသည်။ ဒီမစ်ရှင်သာ မအောင်မြင်ခဲ့လျှင် .....ဆိုသောအတွေးဖြင့် သူမတွင် ကြောက်ရွံ့စိတ်လည်းဖြစ်ပေါ်လို့နေတယ်။ မူလပိုင်ရှင်၏ ကြောက်ရွံ့အထီးကျန်စွာသေဆုံး သည့်ပုံရိပ်များသည်လည်း သူမကိုထိတ်လန့်စေတယ်။

1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး)Where stories live. Discover now