အခန်း (၂) ရှရီဟုမ်း (After Arc-1)

13.9K 1.8K 58
                                    

ရှရီမိဘတွေက အပြန်အလှည်ကျီစားနေကြသော သူတို့သားသမီးရဲ့ဆူညံသံတွေကို တားလိုက်ပြီး Sheri မှာ အိမ်မက်ဆိုးမက်၍ ထိတ်လန့်နေတာဖြစ်လို့ ထိုသို့ပြုလုပ်ကြောင်း ရှင်းပြလိုက်၏။ ထိုအခါမှ သူမမောင်နှမများက ဝန်းရံပွေ့ဖက်လာကြလေသည်။ Sven နဲ့ Ric က အနားလာပြီနှစ်သိမ့်ရင်း Sven က...

"ဘာတွေဖြစ်လာလာ နင်ကငါတို့အချစ်ဆုံးညီမလေ၊ နင့်ကိုတစ်ယောက်ယောက်က အနိုင်ကျင့်တာနဲ့ Ric က အဲ့လူကို လက်ဝှေ့အိတ်လုပ်ပြီး ထိုးပေးလိမ့်မယ်"

Sven က ထိုစကားကို ဘဝင်ခိုက်နေသောရုပ်နဲ့ Ric ကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်မို့ Ric မျက်နှာကြီးရှုံ့တွသွား၏။ Ric ကငိုပြတော့မည့်ဟန်ဖြင့်... ပြန်ပြောလိုက်သည်။

"ဒါပေါ့ ... သေချာပေါက် ငါလုပ်မှာပေါ့"

သူ့စကားကြောင့် အားလုံးရယ်မိကြသည်။ Ric က ပရော်ဖက်ရှင်နယ် လက်ဝှေ့ကျော် ဆိုတာ သူတို့အားလုံးသိကြသည်ပဲလေ...။

" မလိုပါဘူးဟယ် ငါ အိမ်မက်ဆိုးလေးပဲမက်ခဲ့တာပါ ... အာ ဒါနဲ့ Sven ငါကျောင်းက Credits တွေပြန်ရအောင်လုပ်ပြီးတဲ့အခါ နင့်ရုံးလာပြီး သင်ယူစရာရှိတာ လာသင်မယ်နော်"

Sven ကသူ့ညီမကို ချစ်မြတ်နိုးစွာကြည့်ရင်းပြုံးလိုက်သည်။

" Ok! ဒီအစ်ကိုက စောင့်နေမှာပါ "

Sheri ရဲ့ အပြောကြောင့်ကျန်လူများ အံ့အားသင့်စွာ အချင်းချင်းခေါင်းလှည့်ကြည့်မိပြန်သည်။ ဒီမနက်ခင်းမှာပင် သူတို့ထိုသို့အချင်းချင်း ကြည့်ရတဲ့အရေအတွက်အတော်များနေပြီ။

ထီမထင်ဖြင့် ဘာကိုမှစိတ်ဝင်စားလေ့မရှိသည့် အိမ်၏ အပျင်းဘုရင်မဆီက ထိုစကားမှမထူးဆန်း အဘယ်စကားကထူးဆန်းပါလေမည်နည်း။ သူမမိဘတွေကတော့ သူတို့သမီးကို ပြုံးလျက်ကြည့်နေကြသည်။

သူတို့မိသားစုဟာ မနက်စာကိုရယ်မောပျော်ရွှင်စွာစားခဲ့ကြသည်။ အဲ့ဒီနောက် Sheri က အခန်းထဲပြန်ဝင်လာခဲ့ပြီး အပြင်သွားဖို့ပြင်ဆင်လေသည်။ သူမက ခဲတံစကပ်လေးနဲ့ ဘလောက်အဖြူလေးတစ်ထည်ကို ဝတ်ဆင်လိုက်ကာ High heel အဖြူလေးကိုစီးလိုက်လေသည်။ လှပကျော့ရှင်းသော မိတ်ကပ်လေးနှင့်ပြင်ဆင်ပြီးချိန်မှာတော့ ကျက်သရေရှိစွာ လှနေလေတော့သည်။

1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး)Where stories live. Discover now