အခန်း (၄) ရှရီဟုမ်း (After Arc-1)

13.3K 1.5K 87
                                    

အမှန်ပင် Sheri တို့ဝင်သွားသော high-end Spa မှာအနှီအမျိုးသားပိုင်သည့် အဆောက်အအုံပင် ဖြစ်သည်။ အနှီအမျိုးသားသည် ကွန်ပျူတာမျက်နှာပြင်မှ ရှရီ၏ပုံရိပ်လေးကို သူ၏မျက်လုံးများ မှေးကျဉ်း၍ စိတ်ကူးယဉ်လျက် မခွာတမ်းကြည့်နေခဲ့လေသည်။ မျက်နှာမလွဲတမ်း ကွန်ပျူတာကိုကြည့်နေသော်လည်း သူ၏ခန္ဓာကိုယ်ကိုကား အခြားအမျိုးသမီးတစ်ဦး၊ တစ်နည်း အပျော်မယ်တစ်ဦးမှ ဆုပ်ယူပွတ်သပ်နေမှုတို့ကိုတော့ ခံယူနေခဲ့လေသည်။ ထို့ကြောင့် ထိုအမျိုးသားရှိသည့် အခန်းအတွင်းဝယ် အနည်းငယ်နားရှက်ဖွယ်အသံတို့ ထွက်ပေါ်လျက်ရှိလေသည်။

ရှရီကတော့ သိပင်မသိပါချေ၊ သူမကိုနှိပ်နှယ်ပေးလျက်ရှိသော Spa Service ပေးသည့် အမျိုးသမီး၏ အပြုအစုကြောင့် ကျေနပ်ပျော်ရွှင်နေပြီး စည်းစိမ်ခံစားနေလေသည်။ သူမမည်မျှတောင် စိတ်ကျေနပ်နေသည်ကို သူမ၏ ဟစိဟစိဖြစ်ကာ မကြာခနပွင့်လာသော နုတ်ခမ်းလေးများက ဖော်ပြနေသည်။ ထိုနူတ်ခမ်းလေးများသည် သေးငယ်သော အသံပုစိလေးတွေပင် ထွက်လာသည်အထိပင်။

ရှရီကမျက်လုံးလေးတွေ မှိတ်၍ဇိမ်ခံကောင်းနေ၍ အရသာရှိနေချိန်မှာတော့ ကွန်ပျူတာကြည့်နေသော အဆိုပါအမျိုးသားမှာ အလိုမကျမှုတွေဖြစ်ပေါ်လျက်ရှိလေသည်။ သူ့လက်တော့မျက်နှာပြင်ပေါ်က သူမလေး၏မျက်နှာကို အနီးကပ်ဆွဲကြည့်လျက် အသံပုစိလေး တစ်ချက်ထွက်တိုင်း သူကမျောက်သစ်ကိုင်းလွတ်သလို ရင်ဖိုနေပြန်သည်။ သူဒီလိုနေ့စဉ် စောင့်ကြည့်သည့်လုပ်ရပ်ကို မရပ်တန့်နိုင်ချေ။ နေ့တိုင်းကြည့်နေခဲ့သလို သူမလေးကို ပိုလိုချင်လာလေသည့် စိတ်တွေကလည်းဒီရေအလားပင်။ ယနေ့မြင်ကွင်းကတော့ သူ့အတွက် စိုးရိမ်ရေမှတ်ရောက်နေပြီ ဟုပင်ဆိုနိုင်လေသည်။ သူ၏မချင့်မရဲဖြစ်မှုများသည် အလိုမကျမှုအဖြစ်ပြောင်းသွားခဲ့ကာ သူ့နွေရာသီရေခဲချောင်းကိုစုပ်ယူ၍ စိတ်ပါအောင် စွမ်းဆောင်နေသော အနီးရှိအပျော်မယ်အမျိုးသမီးအား မေးရိုးကိုကိုင်ညစ်ကာ စောင့်တွန်းချလိုက်သည်။

"ထွက်သွားစမ်း"

အေးစက်သောအရှိန်အဝါနှင့် ကြောက်မက်ဖွယ်အသံကြောင့် အပျော်မယ်အမျိုးသမီးမှာ တုန်တုန်လှုပ်လှုပ်ဖြင့် ကြောက်လန့်တကြားထရပ်၍ထွက်ပြေးလျက် တံခါးကိုပိတ်ကာ ထွက်သွားလေတော့သည်။ သူမအနေဖြင့် အပျော်မယ်တစ်ဦးသာဖြစ်သဖြင့် အနှီအာဏာရှိနဂါးဘုရင်ကြီးလို အရှိန်အဝါပိုင်သူထံမှ နောက်ထပ်သွေးထွက်သံယိုဖြစ်မှုတို့ ရောက်ရှိမလာခင် ပြေးနိုင်မှလွတ်မည်ဟုတွေးထားလေသည်။ ထိုလူကား မကြာသေးခင်ကာလမှစ၍ အင်မတန်ကြောက်စရာကောင်းလေသည့် သားရဲရိုင်းကောင်ကြီး ဖြစ်လာသလိုပင်။ သူ၏စိတ်ကျေနပ်မှုရရန် တစ်ခါဆက်ဆံဖို့ပင် သွေးထွက်သံယို ဖြစ်သည်ဆိုလျှင်တော့ ထိုလူဒေါသကား ငရဲမင်းကြီးထက်သာပေလိမ့်မည်။

1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး)Where stories live. Discover now