စာစဉ် ၂၅ ( ၅ - ၁၆ )

Start from the beginning
                                    

ဖြူဖြူစင်စင်လေးနှင့် ချစ်စရာကောင်းလှသည့်
ကောင်မလေးတစ်ယောက်၊ ရီဝမ်ဝမ်ဆီ လျှောက်လာကာ ။
"မင်္ဂလာပါ ၊ လင်းစီစီ ပါ"

"မင်္ဂလာပါ၊ တီဗွီ အစီအစဉ်ကနေ မင်းအကြောင်းတွေ ကြားမိပါတယ်"

မိန်းကလေးသည် ပန်းလေးတစ်ပွင့်အလား လှပစွာ ပြုံးပြလာပြီး ။
"ရှင်က မန်နေဂျာဆိုတာ တကယ်ပဲလား ? ရှင့်ပုံက အရမ်းမိုက်လွန်း အားကြီးတယ် - သရုပ်ဆောင်တစ်ယောက် ဖြစ်နိုင်လောက်အောင်ကို ချောတာ !"

မိန်းကလေးမှာ သဘာဝအတိုင်း ရီဝမ်ဝမ်ဘေး ထိုင်ချပြီး စကားပြောဆိုနေခြင်းပင် ။

သိပ်မဝေးသည့်နေရာဆီမှ ကုန်ရွှီ၊ သူ့ထိုင်ခုံကို သူများယူထိုင်သွား သည်ကို မြင်လိုက်သည်နှင့် သူ့ရဲ့မျက်နှာမှာ ရှုံ့မဲ့နေလေတော့ရာ ။

"ကုန်ရွှီ....ကုန်ရွှီ...မင်း ဘာကိုကြည့်နေတာလဲ ?
ငါ ပြောတာရော ကြားရဲ့လား ?"

"မင်း အပေါက်ပိတ်ထား ။ ငါ အလုပ်များနေတယ် !"
ကုန်ရွှီ၊ သုတ်တီးသုတ်ပြာဖြင့် ရီဝမ်ဝမ်ရှိရာ ခုန်ကျော်သွားတော့၏။

"စီစီ ~" ကုန်ရွှီ၊ မျက်နှာထက်တွင် ချိုနိုင်သမျှအချိုဆုံးသော
အပြုံးကို ဆင်မြန်းထားရင်း လင်းစီစီ ရှိရာ လျှောက်သွားပြီး ။
"ငါ မင်းရဲ့ကောင်လေးကို ရှောင်ချင်းနဲ့ ထွက်သွားတာ
တွေ့လိုက်မိသလားလို့...အဲ !"

"ဘာ ?" လင်းစီစီ၏မျက်နှာ၊ ပျက်ယွင်းသွားတော့၏။ သူမလေး၊ ချက်ချင်းဆိုသလိုပင် မတ်တပ်ထရပ်ကာ ထွက်သွားတော့သည် ။

ကုန်ရွှီ၊ စကားအခွန်းနည်းနည်းလေးနှင့် လင်းစီစီအား ပထုတ်ပစ်နိုင် လိုက်ပြီးသည့်နှင့် ၊ ရီဝမ်ဝမ်ဘေးတွင် ဖင်ကျောက်ချထိုင်ပစ်တော့ကာ အနားကပ်လို့ တိုးတိုးတိုးတိုး ပြောတော့လေသည် ။
"အစ်ကို ရီ၊ အဲ့ဒီလင်းစီစီ နဲ့ အရမ်းရင်းရင်းနီးနီးမနေနဲ့ ။
အဲ့မိန်းမက အပေါ်ယံမှာ အပြစ်ကင်းသလိုလိုနဲ့
တကယ်တမ်းကျ အရမ်း ပွေ၊ အရမ်းရှုပ်တာ !"

ကုန်ရွှီ၊ ရီဝမ်ဝမ်နား ကပ်လိုက်သည့်အခိုက် ၊
သူ အနံ့တစ်ခု ရလိုက်သည်ကား၊
အလွန်သင်းပျံ့သည့် ရေမွှေးနံ့...

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now