Erratic Love-1

27.6K 1.3K 74
                                    

စိမ်းပြာရောင်ရေကန်ထဲမှာ လူးလားခေါက်ပြန်ရေကူးနေတဲ့ကောင်လေးတစ်ယောက်ကို Venexa ကTabletလေးကိုင်ရင်း ရပ်စောင့်နေတယ်...။သူမစောင့်နေရတာ နာရီဝက်ကျော်နေပေမယ့် ထိုကောင်လေးကို သူမမငြူစူရဲဘူး....။

သူမက အဲ့ဒီကောင်လေးရဲ့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး....။ကောင်လေးကတော့ သူမရဲ့ အလုပ်ရှင်အသစ်စက်စက်လေး.....။

လောကကြီးမှာ အင်အားကြီးပြီး သန်မာတဲ့လူတွေက လူတွေအားလုံးအထက်မှာနေနိုင်တယ်....။
ဥပမာ နိုင်ငံတကာအဆင့်မှီတက္ကသိုလ်တစ်ခုကနေ Masterဘွဲ့ပြီးပြီးသား သူမက ၁၈နှစ်အရွယ်တက္ကသိုလ်ကျောင်းသားလေးရဲ့ အလုပ်သမားဖြစ်နေတာမျိုးပေါ့....။

တကယ်ဘုရားစူးပါ.....ဒီအသက်၁၈နှစ်အရွယ်ကောင်လေးကသူမရဲ့ Boss.....။

ဒီကောင်လေးကို စီးပွားရေးလုပ်ငန်းရှင်အများစုကတော့ အဆိပ်ပြင်းတဲ့မြွေပွေးလေးကို နာမည်ပြောင်ပေးထားကြတယ်...။တကယ်လည်း အဆိပ်ပြင်းပါတယ်.....။

သူ့မိဘထားခဲ့တဲ့အမွေတွေကို အပိုင်စီးထားတဲ့ ဦးလေးဖြစ်သူကြောင့် ဒီကောင်လေးက အဖိနှိပ်ခံဘ၀နဲ့ကြီးပြင်းခဲ့ရတယ်...။ဦးလေးရဲ့သားဖြစ်သူက International Schoolမှာတက်ရောက်နေတဲ့ အချိန်မှာ ဒီကောင်လေးကတော့ အစိုးရကျောင်းက စာအုပ်ဖိုးတွေကျေနိုင်ဖို့ အချိန်ပိုင်းအလုပ်ပေါင်းစုံပတ်လုပ်နေခဲ့ရတယ်...။ဒါပေမယ့် ဒီကောင်လေးက တစ်ကောင်ထဲပေမယ့် ခြင်္သေ့.....။

သူ့အမေထားခဲ့တဲ့ လက်ဝတ်ရတနာတွေရဲ့ မီးခံသေတ္တာနံပါတ်က သူတစ်ယောက်ပဲ သိတဲ့အပြင် ဘယ်လောက်နှိပ်စက်မေးမေးမပြောခဲ့တာမို့ လက်ဝတ်ရတနာတွေကတော့ ဦးလေးအပိုင်သိမ်းမခံခဲ့ရဘူး....။

အစိုးရက ပင်လယ်ရေကနေကြေးနီသန့်စင်မယ့်လုပ်ငန်း Copperia ကို တရားဝင်ကြေငြာပြီး ရင်းနှီးမြှုပ်နှံသူစခေါ်တဲ့အချိန်မှာ သူကသူ့အမေရဲ့လက်ဝတ်ရတနာအားလုံးရောင်းပြီးရှယ်ယာစ၀ယ်စုခဲ့တယ်...။တဖြည်းဖြည်းနဲ့ လုပ်ငန်းကအောင်မြင်လာတဲ့အခါ လုပ်ငန်းစုကြီးတွေက Copperiaကိုစစိတ်ဝင်စားလာကြတယ်....။ရှယ်ယာတွေအပြိုင်အဆိုင်လုဝယ်လာကြတယ်....။အနာဂတ်မှာ အမြတ်အစွန်းများမှာသေချာနေတဲ့ ဒီလုပ်ငန်းကို ASR လုပ်ငန်းစုကအပိုင်သိမ်းဖို့ရည်ရွယ်ထားတယ်....။
(Note: :အမြတ်အစွန်းများတယ်ဆိုတာက ဒီလိုပါ...။ပင်လယ်ရေထဲမှာ ဆား၊မဂ္ဂနီဆီယမ်နဲ့ဘရိုမင်းတွေပျော်ဝင်နေတဲ့အပြင်၊ပင်လယ်ရေကုဗတစ်မိုင်မှာ ကလိုရင်းတန်ပေါင်း၉၀မီလီယံ၊ဆိုဒီယမ်တန်ပေါင်း၅၀မီလီယံ၊ကြေးနီနဲ့သံဖြူက၁၄တန်နဲ့ သွပ်နဲ့သံက၄၇တန်ပါဝင်ပါတယ်....။ဒီတော့ တွက်ကြည့်ရင် မြေပေါ်ကသတ္တုတွင်းကထွက်တာထက်တောင်ပမာဏများပါတယ်....)

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Donde viven las historias. Descúbrelo ahora