ဒါယောင်းစကားနားထောင်ရင်း ဂျုံအင် ဘတ်ခ်
ဟွန်းကုတင်အနားသို့တဖြေးဖြေး လျှောက်သွားမိ
၏ ။

ကုတင်ထက်တွင် အပြစ်ကင်းစင်သော ကလေး
လေးသဖွယ် အိပ်စက်နေသော ။ တစ်ချိန်က အ
ချစ်ဆိုတဲ့ပူပြင်းမှု ရသကို မသိတတ်သေးတဲ့ အ
ချိန် ။ အပူအပင်ကင်းစွာ ပြုံးပျော်တတ်ပြီး ။

အခု နှလုံးသား ဝေဒနာကြောင့် နေ့တဒူဝ နာကျင်
ခံစားပြီးသူ့ရင်ခွင်ထဲ ဘယ်သူမှမသိအောင် တိတ်
တိတ်ကလေး ကြိတ်ငိုကြွေးတတ်တဲ့ ဘတ်ခ်ဟွန်း
ရဲ့ပါးပြင်မို့မို့လေးကိုသူ့လက်ဖဝါးလေးဖြင့်ဖိကပ်
လျက် ...

" ဘာလို့လဲ ကိုကြီးပတ် ... ဘာလို့အခုမှလဲ ? ဟွန်း
တွေ့ချင်ပါတယ်ဆိုတဲ့ အချိန်တုန်းက တမင် ဟွန်း
မတွေ့နိုင်အောင် ပုန်းနေခဲ့ပြီး ဘာလို့အခုမှမပုန်းရ
တော့တာလဲ ဘာလို့လဲ ! .. မကုန်နိုင်သေးဘူးလား !
ကိုကြီးပတ် အစီအစဉ်ချပြီးပေးနေတဲ့မကုန်ဆုံးနိုင်
တော့တဲ့ဝေဒနာတွေကို ဘယ်အချိန်အထိ ဟွန်းကို
ရင်စည်းခံခိုင်းနေဦးမှာလဲ "

" ကိုကြီး တောင်းပန်ပါတယ် "

" တောင်းပန်တယ် ! မဟုတ်ဘူး ... ကိုကြီးပတ်
တောင်းပန်ရမယ့်လူကညီကိုမဟုတ်ဘူး ဟွန်းကို
တောင်းပန်ရုံတင်မဟုတ်ဘူး ဟွန်းခံစားခဲ့ရသလို
အမည်မသိတဲ့နာကျင်မှုတွေကို ကိုကြီးပတ် ပြန်
ခံစားပြပြီးနာကျင်ပြရင်တောင် ကိုကြီးပတ် ဟွန်း
အပေါ်တင်နေတဲ့ နာကျင်မှုအကြွေးတွေကကျေ
နိုင်ဦးမှာမဟုတ်သေးဘူး .. ငယ်ငယ်ကတည်းက
ကိုကြီးပတ်အပေါ်ကိုပဲ သံယောဇဉ်ကြီးပြီး ခင်
တွယ်မိတဲ့ ဟွန်းဘက်ကို နည်းနည်းလေးလောက်
ပဲဖြစ်ဖြစ် ကိုကြီးပတ် ပြန်ကြည့်ခဲ့ပေးရင် ဟွန်း
အခုလိုအဖြစ်ဆိုးနဲ့ကြုံပြီး အခုလိုမျိုးတွေခံစား
လာရမှာမဟုတ်ဘူး ဖြစ်ပျက်သမျှ အရာအားလုံး
က ကိုကြီးပတ်ကြောင့်ပဲ ကိုကြီးပတ်ကြောင့် ဟွန်း
အခုလိုဖြစ်ရတာ ကိုကြီးပတ်ရဲ့အတ္တတွေ ကိုကြီး
ပတ်ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေ ကိုကြီးပတ်ရဲ့
မပြတ်သားမှုတွေ .. ကိုကြီးပတ်ရဲ့ စဉ်းစားတွေး
တောမှုမရှိတာတွေကြောင့်ပဲ !!! "

အလယ်မှ ဘတ်ခ်ဟွန်းကိုယ်လုံးလေးကိုအုပ်မိုး
ကာ တစ်ဖက် မျက်နှာချင်းဆိုင်က ချန်းယောလ်
အင်္ကျီကော်လံကို လက်တစ်စုံဖြင့် ဆောင့်ဆွဲပြီး
မျက်ရည်တွေဖြင့် ပေါက်ကွဲနေသော ဂျုံအင်ကို
ဒါယောင်းဘေးမှလက်ပိုက်လျက်သာ ရပ်ကြည့်
မိသည် ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now