အခန်းထဲဝင်ကာ လာခေါ်သော နန်းတွင်းသူက ကျွန်တော်နဲ့သူ ကြမ်းပြင်ပေါ်မှာထပ်လျက်သားလဲကျနေတာကို တစ်မျိုးထင်ကာ တောင်းပန်ပြီး အလောသုံးဆယ်ပြန်ထွက်သွားလေသည်။

"ဘုန်းထက်...ကိုကို့ ကို လွှတ်ပေးပါဦး"

ပြုတ်ကျတဲ့အချိန်တုန်းက ဆွဲမိဆွဲရာ ဆွဲလိုက်တာမို့ သူ့ခါးလေးကို ဖက်မိရက်သားဖြစ်နေခဲ့တာ။ နှစ်ယောက်သားပူးကပ်ပြီး ဖက်ထားလျက်သားနဲ့ ထပ်လျက်ဖြစ်နေတာက ဘယ်သူပဲမြင်မြင် ခုနက နန်းတွင်းသူလို အပြုအမူမျိုးပဲ ဖြစ်သွားမှာ သေချာလေသည်။

....................

"မင်းကြီးနဲ့ကြင်ယာတော်တို့ ရောက်ရှိလာပါပြီ။"

ကျွန်တော်တို့ကိုတွေ့တော့ တံခါးရှေ့က တစ်ယောက်က လှမ်းအော်ကာ အချက်ပေးလိုက်သည်။ ခုနကကြားနေရသော တီးတိုးသံတွေ ပျောက်သွားကာ အားလုံးငြိမ်သက်သွားကြလေသည်။

တံခါးစောင့်နှစ်ယောက်က တံခါးကို ဖွင့်လိုက်တော့ ဇာတ်ကားတွေထဲကလိုပဲ ခန်းမလိုနေရာမှာ ခုံတွေချထားကာ အားလုံးက မတ်တပ်ရပ်ကာ ကြိုဆိုနေကြသည်။

အလယ်လျှောက်လမ်းကနေ ကျွန်တော်တို့နှစ်ယောက် အတူတူဝင်ခဲ့ကြပြီး ကျွန်တော်က မင်းကြီးအတွက် ဖြစ်ပုံရတဲ့ ကျောမှီမှာ နဂါးပုံထွင်းထားတဲ့ နေရာမှာ ဝင်ထိုင်လိုက်သည်။ သူကတော့ ကျွန်တော့်ဘေးဘက်က နေရာတစ်ခုမှာ ဝင်ထိုင်လိုက်လေသည်။

ကျွန်တော်တို့ ထိုင်လိုက်ပြီးတဲ့နောက် အားလုံးလဲ ကိုယ့်နေရာကိုယ် အသီးသီး ထိုင်လိုက်ကြလေသည်။

"မင်းကြီး ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်။"

အမတ်တစ်ယောက်က ပြောလာတာမို့ သူရှိရာ ဘက်ကိုလှည့်ကာ ဘာပြောမလဲနားထောင်နေလိုက်သည်။

"ကြင်ယာတော်နဲ့ မနေ့ကမှ လက်ထပ်ပွဲကျင်းပထားတာမို့ ချစ်မြတ်နိုးလို့ မဝနိုင်ဖြစ်နေလောက်မယ်ဆိုတာကို ကျွန်တော်မျိုးတို့သိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့မိခင် မိဖုရားကြီးတွေအတွက် ရည်ရွယ်ထားတဲ့နေရာမှာ အခုလို ထိုင်ခွင့်ပြုတာကိုတော့ မသင့်တော်ဘူးလို့ ထင်မိကြောင်းပါ။"

RestartWhere stories live. Discover now