Part 4 (Unicode)

Mulai dari awal
                                        

"ဘုန်းထက် ဘာလို့ခေါင်းခါနေတာလဲ။ ကိုကိုနဲ့ ဒီအင်္ကျ ီနဲ့မလိုက်လို့လား။"

ကိုယ့်ဘာသာအတွေးထဲမျောနေမိရာက ဘယ်အချိန်ခေါင်းခါနေမိတာလဲတောင်မသိလိုက်ပေ။

သူကတော့ မှန်ရှေ့မှာရပ်ကာ အင်္ကျ ီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေလေသည်။

"ကျွန်တော် တခြားကိစ ္စတွေးမိနေလို့ပါ။ ပြီးပြီဆိုရင် သွားကြမယ်လေ။"

သူက ကျွန်တော်ထိုင်နေတဲ့ စားပွဲနားလျှောက်လာကာ

"ဒီမယ် ချာတိတ်လေး။ ချက်ချင်းကြီး အလုပ်ကြိုးစားစရာ မလိုသေးပါဘူး။ မနက်စာ စားပြီးမှသွားလို့ရပါတယ်။ မနက်စာက အဆင်သင့်ဖြစ်နေပြီ။လာ...ထ"

သူကပြောပြီးတာနှင့် ကျွန်တော့်လက်ကို ဆွဲကာ ထခိုင်းနေလေသည်။

'အခုပဲရေချိုးလာတာကိုကွာ။ ဒီတိုင်း စကားနဲ့ခေါ်လဲရတာကို လူကိုလာဆွဲရတယ်လို့'

စိတ်ထဲကနေပြောလိုက်မိပေမဲ့ အပြင်မှာတော့ သူ့အလိုကျ မတ်တပ်ထကာ သူခေါ်ရာလိုက်သွားလိုက်ရသည်။ သူက မနက်ကတည်းက ကျွန်တော့်ကို ထူးဆန်းနေတယ် လို့ပြောနေတာမို့ ပြဿနာမတက်အောင် အလိုက်အထိုက်နေရမှာဖြစ်သည်။ သူ့ရဲ့ မွေးစားညီ မင်းကြီးနဲ့ ကျွန်တော် လူချင်းလဲသွားတာပါလို့ အမှန်အတိုင်းပြောရင်တောင် ဘယ်သူကမှ မယုံမှာသေချာလေသည်။

ဘဝကို စိတ်ကုန်နေပေမဲ့ ဓားတွေ၊လှံတွေလက်ချက်နဲ့တော့ မသေချင်သေးပါဘူး။

အိပ်ခန်းအပြင်ကို ထွက်လိုက်တော့ စားပွဲဝိုင်းအပြည့်ပြင်ထားသော ဟင်းပွဲတွေကို တွေ့လိုက်ရလေသည်။ ခုနက ကျွန်တော်ဖြတ်လာတုန်းက လျှောက်လမ်းဘေးက တံခါးကို ပိတ်ထားတာမို့ သူတို့ဒါတွေ ခင်းကျင်းနေတာကို မသိလိုက်တာဖြစ်သည်။

မနက်စာက ပေါက်စီနဲ့Dim sum တွေအစုံမို့ ကျွန်တော်သဘောကျနေမိသည်။ စားပွဲမှာထိုင်ပြီးကတည်းက ဘာမှမတွေးဖြစ်တော့ပဲ စားစရာတွေကိုပဲ တစ်မျိုးနည်းနည်းစီ စားကြည့်နေလိုက်သည်။ အရင်ကဆို လူရှုပ်တာမကြိုက်တာနဲ့ပဲ ဆိုင်ကိုသွားမစားဖြစ်တာမို့ အခုကြုံတုန်းအရသာအစုံကို မြည်းကြည့်နေမိသည်။ ဘုရင်အတွက် ပြင်ဆင်ပေးတာမို့ အားလုံးက အရသာရှိနေလေသည်။

RestartTempat cerita menjadi hidup. Temukan sekarang